ကနောင်မင်းသားကြီး လုပ်ကြံခံရမှုနောက်ပိုင်း၏ ဘဝဇာတ်ကြောင်း

ဝသော

600 Kyats ကျပ်
...မန်မာ့သမိုင်းရော၊ ကမ္ဘာ့သမိုင်းမှာပါ နန်းပလ္လင် နေရာရရေးအတွက် သွေးချင်းဆွေမျိုးအချင်းချင်း လုပ်ကြံသတ်ဖြတ်မှု၊ ပုန်ကန်မှု အရေးအခင်းတွေ များစွာ ရှိခဲ့ကြပါတယ်။ ဒီလို အရေးအခင်းတွေထဲမှာမှ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မြင်ကွန်း မြင်းခုံတိုင် အရေးတော်ပုံဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့ဟာ ဘထွေးတော်ဖြစ်တဲ့ ကနောင်မင်းသားကြီးကို ဓားနဲ့ဝင်ပိုင်းလို့ အဆုံးစီရင် လုပ်ကြံခဲ့ပြီးနောက် … ဘထွေးတော်ရဲ့ လူယုံတော်ရဲမက်တွေက တရားခံ မင်းသားညီနောင်ကို လိုက်လံဖမ်းဆီးလို့ မင်းသားညီနောင် ထွက်ပြေးကြရပြီးတဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ မြင်ကွန်းမင်းသားကြီးရဲ့ ဘ၀ဇာတ်ကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်း ဝေသာက ရေးသားပြီး ပန်းချီ လှပက သရုပ်ဖော် ရေးဆွဲထားတဲ့ ရာဇ၀င်သမိုင်းမှတ်တမ်း ရုပ်ပြဇာတ်လမ်း ဖြစ်ပါတယ်ခင်ဗျ။