ချစ်သူပြောတဲ့ တနင်္ဂနွေပုံပြင်

ဝေမှူးသွင်

600 Kyats ကျပ်
ဆရာဝေမှူးသွင်ရဲ့ လူငယ်ရင်ခုန်သံ ဇာတ်လမ်းတွေထဲမှာ ဒီစာအုပ်လေးက မာစတာပိစ့်လို့ ပြောလို့တောင် ရနိုင်ပါတယ်။ စာအုပ်အငှားဆိုင်ခေတ်မှာ လက်မလည်အောင် ငှားခဲ့ရတဲ့ စာအုပ်လေးပေါ့။ ဆယ်ကျော်သက် ရင်ခုန်တတ်စ ကောင်လေးတွေ ကောင်မလေးတွေ အသည်းစွဲခဲ့ရတဲ့ ဇာတ်လမ်းလေးပေါ့။ ဆရာဝေမှူးသွင်ရဲ့ နူးညံ့လှပတဲ့ အတွေးစိတ်ကူးက ဇာတ်လမ်းကို သိပ်စွဲမက်စရာ ဖြစ်သွားခဲ့စေတယ် ထင်ပါရဲ့။ ယုနဲ့ ရဲလင်းတို့ရဲ့ သင်္ကြန်မှာ စပြီး သင်္ကြန်မှာ အဆုံးသတ်ခဲ့တဲ့ လွမ်းမောထိရှစရာ ခံစားမှုတွေက လတ်ဆတ်စိမ်းစိုတဲ့ အရေးအသားတွေနဲ့အတူ စာဖတ်သူတို့ရင်ထဲ အကြွင်းမဲ့ ထိခတ်စေခဲ့ပါတယ်။ ယုနဲ့ ရဲလင်းက ချစ်သူတော့ ချစ်သူတွေပါပဲ။ ဒါပေမဲ့ တစ်ပတ်မှာမှ တနင်္ဂနွေတစ်ရက်ပဲ ချစ်သူဖြစ်ခွင့်ရှိတဲ့ ချစ်သူတွေပေါ့။ ကဲ ... ဘယ်လောက် လှပသိမ်မွေ့တဲ့ ဇာတ်အိမ်လဲနော်။ ခံစားကြည့်ပါ။ ထိရှစေရမှာ သေချာပါတယ်ဗျာ။