ကောင်လေး

ရွှေရေးထင်ထင်

1000 Kyats ကျပ်
‘ဘယ်သူသိမှာလဲ ... မိန်းမတွေကြောင့် ကျွန်တော့်ဘဝ အကြိမ်ကြိမ်အခါခါ ကံဆိုးမယ် ဆိုတာ။ ဘယ်သူသိမှာလဲ ... Sex Worker ဆိုတဲ့ ဝေါဟာရက ကျွန်တော်နဲ့ သက်ဆိုင်လာမယ် ဆိုတာ။ ဘယ်သူသိမှာလဲ ... ကြေး မေးခံရတိုင်း ကျွန်တော့်ကမ္ဘာ ပျက်တယ် ဆိုတာ။ ဘယ်သူသိမှာလဲ ... ဘောင်ဘင်ခတ်တဲ့ အရှက်တရားတွေ ကျွန်တော့်ဆီမှာ ရှိတယ်ဆိုတာ။ ဘယ်သူသိမှာလဲ ... ငွေစက္ကူအရွက်တိုင်း အတွက် ကျွန်တော် သေသွားတယ် ဆိုတာ။ ဘယ်သူသိမှာလဲ ... ဒီလို ကျွန်တော် ထပ်တလဲလဲ သေရမယ်ဆိုတာ။ ဘယ်သူသိမှာလဲ ... ဘယ်သူသိမှာလဲ ... ကျွန်တော် မသိခဲ့တာ ... ဘယ်သူသိမှာလဲ’ … ဆိုတဲ့ ကောင်လေး။ နွေခေါင်ခေါင်တစ်နေ့လယ်မှာ ရာသီဥတု ဖောက်ပြန်မှု၊ မြို့ခံလူ အားလုံးရဲ့ စိတ်ဆင်းရဲမှု၊ ဆိုးဝါးတဲ့ အနိဋ္ဌာရုံ အဖြစ်အပျက်တစ်ခုနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့တဲ့ ကောင်လေးတစ်ယောက်။ လောကထဲ ရောက်လာပြီးချိန်ကစလို့ သူမမှားခဲ့တဲ့ အမှားတွေအတွက် အဘွားအရင်းနဲ့အတူ တစ်မြို့လုံးရဲ့ အမုန်းတီးခံ၊ အပစ်ပယ်ခံ ဖြစ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်။ ဒီကောင်လေးတစ်ယောက်အကြောင်းကို ရင်နင့်ကြေကွဲစွာ ဖတ်ရှုကြရမယ့် ဆရာမရွှေရေးထင်ထင်ရဲ့ လက်ရာ … ‘ကောင်လေး’ ။