အကျဉ်းစံ မိန်းမများ

ရွှေကူမေနှင်း

1000 Kyats ကျပ်
ဆရာမ ရွှေကူမေနှင်းအနေနဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ နေထိုင်ခဲ့ရစဉ်က ထောင်တွင်း အတွေ့အကြုံများကို ပြန်လည်တင်ပြတဲ့ စာအုပ်တွေ တစ်အုပ်ထက်မက ထွက်ရှိထားတယ်။ ဒီစာအုပ်ဟာ ယင်းစာအုပ်တွေအနက် တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အကျဉ်းကျ မိန်းမသားတွေအကြောင်း အံ့သြမှင်သက်စွာ မြင်တွေ့ရလိမ့်မယ်။ ဝမ်နည်းမိမယ်။ မျက်ရည်လည်မိမယ်။ ဒေါသထွက်မိမယ်။ သရော်ထားတဲ့ ထိထိမိမိ စကားလုံးတွေကြောင့် ပြုံးမိမယ်။ ဒီ့အပြင် အကျဉ်းထောင်စနစ် အကြောင်းကို တီးခေါက်မိသွားမယ့်အပြင် မရောက်ဖူးတဲ့သူတောင် အကျဉ်းထောင်ထဲ ခေတ္တခဏ ရောက်သွားသယောင် ခံစားမိစေမယ့် ဆရာမရဲ့ သရုပ်ဖော်လက်ရာတွေကို ခုပဲ ဖတ်ရှုကြည့်လိုက်ပါ။