မီဒီယာလောက

ရွှေကူမေနှင်း

900 Kyats ကျပ်
Oxford တက္ကသိုလ်ကနေ ပုံနှိပ်ထုတ်ဝေထားတဲ့ “Journalism … a very short introduction” စာအုပ်ကို ဆရာမ ရွှေကူမေနှင်း ဘာသာပြန်ဆိုရေးသားတဲ့ ‘မီဒီယာလောက’ ။ စာအုပ်ခေါင်းစဉ်အတိုင်းပါပဲ။ မီဒီယာလောကနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ မီဒီယာသမားတွေ သိသင့်သိထိုက်တဲ့ အခြေခံဥပဒေသတွေ၊ မီဒီယာကျင့်ဝတ်တွေ၊ တိုင်းပြည်နိုင်ငံရဲ့ မဏ္ဍိုင်လေးရပ်မှာ တစ်ရပ်အပါအဝင်ဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်ခေါ် မီဒီယာရဲ့ အခန်းကဏ္ဍတွေကို ပညာသားပါပါ လေ့လာနိုင်မှာပါ။ သတင်းစာသမိုင်းရဲ့ နိဒါန်းက စလို့ သတင်းသမားတွေရဲ့ ဘဝတွေ၊ နိုင်ငံတကာ သတင်းမီဒီယာကဏ္ဍတွေ၊ စစ်မြေပြင်သတင်း၊ နိုင်ငံရေးသတင်း၊ အနုပညာသတင်း၊ စတဲ့ သတင်းသမားတွေရဲ့ အခက်အခဲ၊ အတွေ့အကြုံတွေကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။ မီဒီယာပညာကို စိတ်ပါဝင်စားသူ၊ လေ့လာလိုသူတွေသာမက၊ လက်ရှိမှာ မီဒီယာအလုပ်နဲ့ ပတ်သက်ဆက်စပ်နေသူတွေပါ ဖတ်ရှုသင့်တဲ့ မီဒီယာလောကဆိုင်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။