ကၽြန္မကို ခ်စ္တဲ့သူမ်ား

ရွှေကူမေနှင်း

800 Kyats ကျပ်
စင်စင် အချစ်ဆိုသည်မှာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲနှင့် သူ့အလိုလို ပေါ်ထွန်းတတ်သော အရာတည်း။ အကြောင်းပြချက် ရှိနေလျှင် အချစ်ဟု မခေါ်နိုင်ဟုပင် သတ်မှတ်ချင်သည်။ အကြောင်းပြချက်တစ်ခုခုကြောင့် ချစ်မိခြင်းဟု ဆိုလျှင် ထိုအကြောင်းပြချက် ပျက်ပြားသွားသော အချိန်တွင် အချစ်ဆိုသော အရာက အလိုလို ပျက်စီးသွားလိမ့်မည်။ ဒါဆိုလျှင် အဲဒါ အချစ် ဟုတ်ပါတော့မလား။ အချစ်ဆိုတာ ဘာအကြောင်းကြောင့်မှ ပျက်စီးကျေပြုန်းတတ်သော အရာမှ မဟုတ်တာ။ အချစ်ဆိုသည်မှာ သီးသန့်အရာတစ်ခု ဖြစ်သည်။ အချစ်ကို ခိုင်းစေ၍ မရသလို တွန်းပို့၍လည်း မရ။ တာမရှည်ခြင်းများသည် အချစ်မဟုတ်၍သာ ဖြစ်ရမည်။ အချစ်မှန်သူများက ကျိုးကျိုးကန်းကန်း သေတပန် သက်တဆုံး ချစ်သွားကြသည်ပဲ မဟုတ်လား။ ကိုယ့်ဘက်က အချစ်မှန်ပါလျက် သူ့ဘက်က မတုံ့ပြန်သဖြင့် မည်သည့်အချစ်မျှ အစားမထိုးဘဲ အရိုးထုတ်သွားသူများရှိသလို အချစ်မဟုတ်စေကာမူ ‘အကြိုက်’ အဖြစ် လက်ခံကာ ပေါင်းသွားကြသူများလည်း အများအပြားပါပဲ။