စာရေးချင်သူများသို့

ရွှေကူမေနှင်း

600 Kyats ကျပ်
စတိုင်သစ်မဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် ဆရာမရွှေကူမေနှင်း ဘာသာပြန် ရေးသားခဲ့တဲ့ နိုင်ငံတကာ စာရေးနည်း လမ်းညွှန်ဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်ပါ။ စာရေးချင်သူတွေအတွက် စာရေးနည်းအခြေခံ လိုအပ်ချက်တွေသာမက၊ ဆောင်းပါးတစ်ပုဒ် ဘယ်လိုရေးရမလဲ၊ အတ္ထုပ္ပတ္တိစာပေ ဘယ်လိုရေးရမလဲ၊ ဝတ္ထုတစ်ပုဒ် ဘယ်လိုဖန်တီးရမလဲ၊ ဝတ္ထုတစ်ပုဒ်ရဲ့ အသက်သွေးကြောက ဘာလဲ၊ ဝတ္ထုတစ်ပုဒ်ရဲ့ အသည်းနှလုံးက ဘာလဲ၊ ဘယ်အရာတွေက ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ဖို့ အဓိကကျနိုင်သလဲ၊ စတဲ့ အချက်များစွာကို ဆောင်းပါးတစ်ပုဒ်ချင်းစီအလိုက် တင်ဆက်ထားပါတယ်။ စာရေးချင်ပြီး ဘယ်က ဘယ်လို စ,ရေးရမှန်း မသိဖြစ်နေသူတွေ၊ စာရေးခြင်းရဲ့ လျှို့ဝှက်ချက်ကို သိချင်သူတွေ၊ စာရေးဆရာ ဖြစ်လိုသူတွေအတွက် ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ စာရေးဆရာ တစ်ယောက်တည်းရဲ့ မူဝါဒ၊ အယူအဆမျိုး မဟုတ်ဘဲ နိုင်ငံတကာက အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတွေရဲ့ စာရေးနည်း လမ်းညွှန်ချက်တွေမို့ စာရေးချင်သူတွေအတွက် တကယ့်ကို အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်ပါပဲ။