သွေးဖြင့်ရေးသောသိုင်းမှတ်တမ်း

ရောင်နီသစ်

400 Kyats ကျပ်
... ယခုပင်လျှင် မည်သူမျှ မလာဝံ့ကြသော “စွေးချီတောင်ထိပ်” ရှိ "သွေးလက်ဝါးဂိုဏ်းသို့” ဦးတည်ကာ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ် တစ်ယောက် လျှောက်လှမ်းလာလေသည်။ ထိုလူငယ်သည် အထက်အောက် အဖြူရောင် ပိုးအင်္ကျီကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံပင်ရှည်တွေကို အဖြူရောင် ပိုးကြိုးစလေးဖြင့် ထုံးနှောင်ထားလေသည်။ ဝင်းဝါသော အသားရေ၊ ထူထဲသော မျက်ခုံး၊ တောက်ပစူးရှသော မျက်လုံးအစုံ၊ ဖြောင့်စင်းသော နှာတံ၊ ပိရိပါးလွှာသော နှုတ်ခမ်းနှင့် ချောမောခန့်ညားသည့် လူတစ်ယောက် ... လက်ထဲတွင် ခွန်းလွန်တောင်တန်း ပန်းချီ ရေးဆွဲထားသည့် အဖြူရောင် ခေါက်ယပ်တောင်လေးကို တဖျပ်ဖျပ်ခတ်ရင်း ပုံမှန် လျှောက်လှမ်းနေသည်။ သူလျှောက်လာပုံက အေးအေးလူလူပင် ...