ဘီလေး

ရောင်နီသက်လွင်

200 Kyats ကျပ်
ဘီလေး။ ဘီလေးဆိုတာ … (၂၀ - ၆) ဆိုဒ်အရွယ် BSA တရုတ်နိုင်ငံထုတ် စက်ဘီးကလေးပါ။ ဒီစက်ဘီးကလေးကပဲ ဒီဇာတ်လမ်းရဲ့ အသက်။ အဓိက ဇာတ်ကောင်ပေါ့။ သတင်းစာပို့တဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ရဲ့ စက်ဘီးအဟောင်းလေး။ သူတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ အသည်းကျော် စက်ဘီးလေးဖြစ်တဲ့ ဘီလေး။ သူငယ်ချင်းနှစ်ယောက်နဲ့ မခွဲမခွာ အမြဲပါနေကျ ဘီလေး။ ဂျပန်စက်ဘီးအသစ်လေးတွေ ဘယ်လိုပေါ့ပါးပေါ့ပါး၊ ဘယ်လို နင်းလို့ မြန်တယ်ဆိုဆို သူတို့အတွက်ကတော့ ဘီလေးကသာ အကောင်းဆုံး၊ ဘီလေးကသာ အမြန်ဆုံး။ ဘီလေးကို တစ်ယောက်က နင်းရင် တစ်ယောက်က အနောက်ကယ်ရီယာခုံမှာ လိုက်စီးလို့ အချိန်တွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။ တစ်နေ့တော့ … ဂျပန်စက်ဘီးလှလှလေးပေါ်က မိန်းကလေးလှလှလေးတစ်ယောက်ကို သူတို့ လှမ်းမြင်လိုက်တဲ့အခါ ဘီလေးကို အားစိုက်နင်းပြီး ဂျပန်စက်ဘီးလေးနောက်က လိုက်ခဲ့ကြတယ်။ အဲဒီနောက်မှာ …