စာပေကြငှန်းရိပ်ဝယ်

မှော်ဝန်းကြည်မြတ်

600 Kyats ကျပ်
စာပေကြငှန်းရိပ်ဝယ် ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ကတည်းက ဒီစာအုပ်ဟာ စာပေနဲ့ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်၊ စာပေအငွေ့အသက်၊ စာပေခံစားမှုတွေကို ပုံဖော်ထားတဲ့ စာအုပ်မှန်း ရိပ်မိကြမှာပါ။ မှန်ပါတယ်။ ဆရာမှော်ဝင်းကြည်မြတ်ဟာ ကမ္ဘာ့စာပေ၊ မြန်မာ့စာပေက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ၊ ဆရာမကြီးတွေကို မဏ္ဍိုင်ပြုပြီး သူတို့ရဲ့ စာပေအနုပညာအပေါ် ခံစားမှု ဒဿနအမြင်တွေနဲ့ ရက်ဖောက်လို့ ဒီအနုပညာဆောင်းပါးတွေကို ပုံဖော်ထားပါတယ်။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်၊ အမျိုးသားစာဆို ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာဇဝန၊ ဆရာ သိန်းဖေမြင့်၊ ဆရာညိုမြ၊ ဆရာအထောက်တော်လှအောင်၊ ဆရာလေးမြင့်၊ ဆရာမ ခင်နှင်းယု၊ ဆရာဦးကြီးမောင်(ငွေဥဒေါင်း)၊ ဆရာသောကြာဦးမောင်လေး၊ ဆရာမြတ်လေးနှင့်ဆရာအောင်ပြည့် … စတဲ့ စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာပေအနုရသ ဒဿနတွေကို ထိတွေ့ခံစားကြရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။