ပြည့်ဝနှင့် မီးခိုးမှော်ရှင်

မှော်နန်း(ပြည်)

အခမဲ့
ဝိဇ္ဇာတစ်ယောက်ဖြစ်ပေမဲ့ အလိုရမ္မက် လောဘနောက်ကို လိုက်ခဲ့မိတဲ့ အတိတ်က အပြစ်အမှားတွေကြောင့် အင်းဝိဇ္ဇာကနေ ဆေးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာကနေ မြေလျှောက်ဝိဇ္ဇာ … ဒီလို အဆင့်ဆင့် ရာထူးလျော့ခံရတဲ့ ဘိုးဒိဗ္ဗ။ နောင်တတွေ ရပြီး ကမ္မဋ္ဌာန်းတရားကိုပဲ အားထုတ်နေတဲ့ ဘိုးဒိဗ္ဗနဲ့ တပည့်ကျော် မောင်ပြည့်ဝတို့ရဲ့ ဂန္ဓာရီလမ်း စွန့်စားခန်းတွေက စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်လမ်းမှာတော့ ဘိုးဒိဗ္ဗနဲ့ မောင်ပြည့်ဝတို့ရဲ့ ခရီးစဉ်က ဖိုဦးတောင်ရဲ့ အံ့သြဘနန်း ဖြစ်ရပ်ဆန်းတွေနဲ့ ဘယ်လို ကြုံဆုံရမလဲ။ ဖိုဦးတောင်က နဂါးပျိုမယ်၊ လောဘဇော တိုက်နေတဲ့ သိုက်ဆရာကြီး ဦးဒီပ၊ မောင်ပြည့်ဝရဲ့ ပါရမီဖြည့်ဖက်မိတ်ဆွေ အစွယ်နှစ်ဆယ့်ရှစ်တောင်ဘီလူးနဲ့ ဂိုဏ်းစောင့်နတ်ဘီလူးတွေရဲ့ ပညာပြိုင်ခန်း၊ စတဲ့ စိတ်ဝင်စားစရာ၊ ရင်သပ်ရှုမောဖွယ်ရာ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကို ဖတ်ကြရမှာပါနော်။