စည်းစောင့်ပါ ဆရာ

မှော်နန်း(ပြည်)

အခမဲ့
လူ့စည်း ဘီလူးစည်းဆိုတာ စကားတစ်ခွန်းထက် ပိုတဲ့ ကဏ္ဍတစ်ရပ်ပါပဲ။ ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ ဘယ်ကိစ္စကိုပဲ ပြုမူပြုမူ၊ လူတိုင်းမှာ စောင့်စည်းသင့်တဲ့ စည်းဘောင်တွေတော့ ရှိကြပါတယ်။ တစ်ခါတလေမှာ မကျော်သင့်တဲ့ စည်းတွေကို ကျော်မိရင် ဘယ်လောက် အစွမ်းထက်တဲ့သူဖြစ်ဖြစ်၊ ဘယ်လောက် ပညာရှိတဲ့သူဖြစ်ဖြစ်၊ စည်းပေါက်ပြီး ဒုက္ခရောက်တတ်ပါတယ်။ အခု စာချစ်သူတို့ကို မိတ်ဆက်ပေးမယ့် ဝတ္ထုလေးက စည်းပေါက်သွားတဲ့ တိုင်းရင်းဆေးဆရာကြီးတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ သပြေကန်ရွာက ကပ္ပိယကြီး ဦးအုန်းရွှေရဲ့ ကြမ္မာဆိုးက သံဝေဂယူစရာ၊ သတိပြုစရာပါပဲ။ တကယ်တော့ ဦးအုန်းရွှေဟာ ဘုရားတရားမြဲပြီး သူတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ရွာသူရွာသားတွေကို အခကြေးငွေမယူဘဲ ကူညီကယ်တင်နေတဲ့ လူသူတော်ကောင်းကြီးပါပဲ။ အေးအေးချမ်းချမ်းလည်း နေတတ်၊ လူတွေကိုလည်း ကူညီတတ်၊ ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့သူမို့ လူချစ်လူခင်လည်း များတဲ့သူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ စည်းတစ်ခုကို ကျိုးပေါက်သွားမိတဲ့အခါ၊ ဦးအုန်းရွှေအတွက် ဘယ်လိုကြမ္မာဆိုးတွေက မဖိတ်ခေါ်ဘဲ ရောက်ရှိလာလေမလဲဆိုတာကို ဆက်လက်ဖတ်ကြည့်လိုက်ပါဦး စာချစ်သူတို့ရေ။