စက္ကန့်၆၀အတွင်း အလုပ်ရရှိနည်း

မောင်မြတ်မိုး

600 Kyats ကျပ်
ယနေ့ခေတ်မှာ အလုပ်အကိုင် ရှာဖွေကြတဲ့သူတိုင်း မလွဲမသွေ တွေ့ကြုံကြရတာကတော့ အလုပ်ခေါ်အင်တာဗျူး (လူ တွေ့စစ်ဆေးမေးမြန်းခြင်း)ပါပဲ။ ဒီအဆင့်ကို ဖြတ်ကျော်နိုင်မှသာ ကိုယ်လိုချင်တဲ့ အလုပ်ကို ရရှိနိုင်ကြမှာပါ။ တကယ်ဆိုရင် ဒါတင်မကသေးပါဘူး။ ဒီအင်တာဗျူးကနေတဆင့် ကိုယ်လိုချင်တဲ့ လစာ၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ အံ့ဝင်ခွင်ကြဖြစ်မယ့် လုပ်ငန်း နေရာ စတာတွေကိုလည်း ညှိနှိုင်းရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဈေးကွက်တင်ခြင်းတစ်မျိုးလို့လည်း ဆိုလို့ရပါတယ်။ ဒါပေမယ့် တော်တော်များများဟာ အဲဒီအင်တာဗျူးဖြေခြင်းနဲ့ အကျွမ်းမဝင်ကြပါဘူး။ ဒါကြောင့် ကိုယ်နဲ့ထိုက်တန်တဲ့ အခွင့်အရေးတွေ၊ ကိုယ်မျှော်လင့်တဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးခြင်းမျိုး ကြုံရတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး စွမ်းဆောင် ရည်မြှင့်တင်မှုကို လေ့ကျင်သင်ကြားပေးတဲ့နေရာမှာ ရော်ဘင်ရိုင်ယန်ဟာ ကမ္ဘာကျော်သူတစ်ဦးပါ။ အင်တာဗျူးဖြေကြားခြင်း မှာ အသုံးပြုဖို့ အဖြေပေါင်း ၁၂၅ ခုပါဝင်တဲ့ သူ့ရဲ့ဒီစာအုပ်က သင့်ကို အဲဒီဆုံးရှုံးရခြင်းတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။