ဟင်းမျိုးကြီး၏ တစ်ကျော့ပြန်

မောင်မြင့်မား(ဘိုကလေး)

500 Kyats ကျပ်
အမဲလိုက် မုဆိုး ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ဒီစာအုပ်ကတော့ တောမုဆိုးတို့ရဲ့ စွန့်စားခန်းတွေ၊ တောတွင်းတိရစ္ဆာန်တွေရဲ့ သဘာဝနဲ့ အန္တရာယ်တွေ အပြင် မုဆိုးတစ်လှည့် သားကောင်တစ်လှည့် အလှည့်ကျ မနွဲ့စတမ်း ဆိုသလို မုဆိုးနဲ့ သားကောင် လျှင်သူ အနိုင်ယူစတမ်း … ပွဲကြမ်းကြမယ့် အမဲလိုက်မုဆိုး စွန့်စားခန်းတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူညီတဲ့ အရသာမျိုးနဲ့ ခံစားကြရမှာပါ။ ဒီစာအုပ်ထဲမှာတော့ … ဟင်းမျိုးကြီး၏ တစ်ကျော့ပြန်၊ ဟင်းမျိုးနှင့် သင်းကွဲပြောင်၊ ချိုကျိုးနှင့် နားရွက်ပဲ့၊ တစ်ပွဲတစ်လမ်း၊ မုဆိုးကြမ်းနှင့် တောကြမ်း၊ မမျှော်လင့်သော ဟင်းစား၊ ဟင်းမျိုးက တစ်ကောင် မာယာက တစ်တော၊ မုဆိုးအပြုံး၊ ထိပ်ကွက်နှစ်ကောင်၊ တောခွေးနှင့် ဒူလာ၊ တိုက်ပွဲနှင့် ရလဒ်၊ ဟင်းစားကောင်၊ မုဆိုးနှင့် စည်း၊ မုဆိုးနှင့် မာယာများသော တော၊ ဒရယ်ထိပ်ကွက်နှင့် ဝက်ခါးပတ်၊ တော၏ လျှို့ဝှက်ခြင်းနှင့် မုဆိုးစရိုက် … စတဲ့ တောမုဆိုး ဝတ္ထုတိုကောင်းတွေ ပါဝင်ပါတယ်။ ဒီ အမဲလိုက် ဝတ္ထုတိုတွေထဲက အဓိကဇာတ်လိုက်ကြီးဖြစ်တဲ့ မုဆိုးကျော် စောဂျိမ်းနဲ့ တောတွင်းသားကောင်တွေ ဘယ်လို ရင်ဆိုင်ယှဉ်ပြိုင် အသက်လုကြမလဲဆိုတာတော့ … ။