မုဆိုးနှင့်သားကောင်

မောင်မြင့်မား(ဘိုကလေး)

500 Kyats ကျပ်
တောမုဆိုးနဲ့ တောတွင်းစွန့်စားခန်း ဇာတ်လမ်းကောင်းကောင်းလေးတွေကို ဖတ်ချင်ကြရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ လက်တို့ချင်ပါတယ်။ တောဆိုတာ မာယာပရိယာယ် ပေါကြွယ်ဝသလို လျှို့ဝှက်ဆန်းကြယ်မှုတွေကလည်း အပြည့်။ ဒီလို စုံတောမြိုင် ဂနိုင်တောထဲက သားရဲတွေနဲ့အတူ တောရဲ့ သဘောသဘာဝ၊ တောရဲ့ လှည့်စားတတ်မှု၊ တောရဲ့ ဆန်းကြယ်မှုတွေကို လူမုဆိုးတွေရဲ့ စွန့်စားခန်းတွေနဲ့ ဇာတ်ကွက်ဆင် ရေးသားထားတဲ့ ဒီဝတ္ထုတိုတွေက တစ်ပုဒ်ချင်းစီအလိုက် စိတ်ဝင်စားစရာကောင်းပါတယ်။ တောအတွေ့အကြုံ ဗဟုသုတ ကြွယ်ဝတဲ့ အဘအောင်ဆိုတဲ့ မုဆိုးကျော်ကြီးနဲ့ တောတိရစ္ဆာန်၊ တောမာယာတို့ အားပြိုင်ကြပုံတွေကို ဒီစာအုပ်မှာပါတဲ့ … အဘအောင်နှင့် တောဝက်သား၊ အဘအောင်နှင့် ညတိုက်ပွဲ၊ ဒေါသမာန်၊ အဘအောင်နှင့် လှိုဏ်ခေါင်းပျားရည်၊ ဟင်းစားနှင့် ပရိယာယ်၊ နောက်ဆုံးအကောင်၊ မုဆိုးနှင့် သားကောင်၊ ညပစ်ကွင်း၊ ချေစွယ်နဲ့နဲ့၊ အပြုံး၏နောက်ဝယ်၊ မာယာကြည်နှင့် စိန်ကြည်၊ ပျားရည်တစ်စက် တန်ဖိုး၊ မုန်တိုင်းထန်နေသော လောဘသမုဒ္ဒရာ ဆိုတဲ့ ဝတ္ထုတွေမှာ ရင်တသိမ့်သိမ့် ဖတ်ကြရမှာပါ။