တစ္အိုးတစ္လုံး

မောင်ပြည်အေး(ချောက္ကံ)

600 Kyats ကျပ်
...သူ အမြဲငေးမောနေကျ ရွှေလမ်းမကြီးထဲမှာလည်း ခေတ်တွေ၊ စနစ်တွေ အမျိုးမျိုး ဖြတ်သန်းဖြတ်လာ လုပ်သွားကြပြီ။ ပါတီကောင်စီခေတ်တွေ ကျောင်းသားလူထုအစပြုတဲ့ ၈၈ အရေးအခင်းတွေ … စသဖြင့်။ အဲဒီ အငေးအမော ရွှေလမ်းမကြီးထဲမှာပဲ ယာဉ်တိုက်မှုတွေ များစွာ။ တချို့လည်းသေ။ တချို့လည်း ကျိုးကြကန်းကြ တချို့လည်း ဒုက္ခိတဘဝအထိ ရောက်ခဲ့ကြတဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေလည်း မနည်းတော့ဘူး။ နောက်ဆုံး နေရာရွှေ့ထားတဲ့ ချောက်ကန်ရွာအနီးက သင်္ချိုင်းဆီ ဒီရွှေလမ်းမကြီးအတိုင်း သွားနေကြတဲ့ လူတွေလည်း မနည်းတော့ဘူး။ ဒါတောင် သူ အရေးချင်ဆုံး ဝတ္ထုကြီးကတော့ စလုံး ရေစဆိုတဲ့အဆင့်မှာတောင် ရှိမနေသေးဘူး။