မြန်မာခေတ်ပေါ် ကဗျာလက်ရွှေးစင်

မောင်ပြည့်မင်း

600 Kyats ကျပ်
ကဗျာရေစီးဟာ ခေတ်တိုင်းခေတ်တိုင်း အရှိန်အဟုန်နဲ့ စီးဆင်းနေပါတယ်။ ကဗျာအရွေ့ဟာလည်း ခေတ်ရဲ့ တောင်းဆိုမှုနဲ့အတူ အသွင်ပုံဟန်အသစ်အသစ်တွေနဲ့ သီးပွင့်လာခဲ့ပါတယ်။ အစဉ်အလာကဗျာ (ဂန္ထဝင်ကဗျာ)ရဲ့ လောင်းရိပ်ကနေ တိုးထွက်ချိန်မှာ အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ရှိခဲ့ပါတယ်။ အဲဒါကတော့ ခေတ်စမ်းကဗျာခေတ်နဲ့ ဆရာဒဂုန်တာရာတို့ အပေါင်းအသင်းတစ်စုရဲ့ (စာပေသစ် အယူအဆ) ကဏ္ဍတွေပါပဲ။ ဒီကနေပဲ ခေတ်ပေါ်ကဗျာဟာ စတင်ထွန်းကားလာတယ်လို့ အကြမ်းဖျဉ်းဆိုရပါလိမ့်မယ်။ ဒီလို မြန်မာကဗျာလောကရဲ့ ခေတ်ပေါ်ကဗျာကဏ္ဍမှာ အားကောင်းမောင်းသန် ဖွဲ့သီတင်ပြခဲ့ကြတဲ့ ကဗျာဆရာတွေရဲ့ လက်ရွေးစင် ခေတ်ပေါ်ကဗျာတွေကို ကဗျာဆရာမောင်ပြည့်မင်းက စုစည်းတင်ဆက်လိုက်တဲ့ ‘မြန်မာခေတ်ပေါ်ကဗျာ လက်ရွေးစင်’ …။ ဒီစာအုပ်မှာ … ကဗျာဆရာ မောင်ပန်းမွှေး၊ မောင်သင်းခိုင်၊ အောင်ချိမ့်၊ သစ္စာနီ၊ မောင်ချောနွယ်၊ မောင်အောင်ပွင့်၊ ပိုင်စိုးဝေ၊ မောင်ပြည့်မင်း၊ ဇေယျာလင်း၊ ခင်အောင်အေး၊ မောင်ခင်သာမြင့် (မောင်ခင်သာ၊ တောင်တွင်း)၊ ထွန်းဝေမြင့်၊ ခင်ဝင်းသစ်၊ ခင်မြဇင်၊ K ဇော် (မောင်သိန်းဇော်)၊ မောင်ကြည်သာ (တောင်တွင်း)၊ ကွန်စစ်ကောင်း၊ ဝေချစ်ကို၊ စေတ၊ ကိုရွေး၊ မင်းဆွေနှစ် … စတဲ့ ကဗျာဆရာ၊ ဆရာမတွေရဲ့ လက်ရွေးစင် ခေတ်ပေါ်ကဗျာတွေကို တစ်ပုဒ်ချင်းစီ ထိတွေ့ ချဉ်းကပ် သုံးသပ် ခံစားမှုတွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။