မြန်မာနိုင်ငံရေးနှင့် အဓိပတိကြီး ဒေါက်တာဘမော်

မောင်ကြော့ဝေ

600 Kyats ကျပ်
...မြန်မာ့နိုင်ငံရေး သမိုင်းမှာ နာမည်ကျော်လှတဲ့ နိုင်ငံရေးအဓိပတိ ဒေါက်တာဘမော်ရဲ့ ဘ၀ဖြစ်စဉ်၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို စာရေးဆရာ မောင်ကြော့ဝေက ရေးသားပြုစု မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်ပါ။ ကိုလိုနီခေတ်၊ နယ်ချဲ့ဗြိတိသျှအစိုးရကို တော်လှန်ပုန်ကန်မှုနဲ့ အဖမ်းဆီးခံရတဲ့ ဂဠုန်ဆရာစံဘက်ကနေ တရားခံရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ရာက လူထုအကြားမှာ ထင်ရှားကျော်ကြားလာခဲ့တဲ့ ဒေါက်တာဘမော်ဟာ အဲဒီအချိန်ကာလကတည်းက ဥပဒေပါရဂူဘွဲ့ရ ၀တ်လုံတော်ရမင်း အဖြစ် ရာထူးဂုဏ်ရှိန် ကြီးမြင့်နေခဲ့ပါပြီ။ နောက်ပိုင်း ဒေါက်တာဘမော်ဟာ ဆင်းရဲသားဝံသာနုအဖွဲ့ကို ဦးဆောင်ခဲ့လှုပ်ရှားခဲ့ပါတယ်။ ဒီလို မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာဘမော်ရဲ့ ဘ၀မှတ်တမ်း ဖြစ်စဉ်တွေကို ဒီစာအုပ်ထဲမှာ အကျယ်တ၀င့် ဖတ်ရှုကြရမှာပါ။