ငြိမ်းချမ်းရေး ဗျူဟာ

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ယူအေးရှိဘသည် သူ၏ “ငြိမ်းချမ်းရေးဗျူဟာ” (The Art of Peace) စာတမ်းကို ကျမ်းတစ်စောင် တစ်ဖွဲ့ကဲ့သို့ စည်းလုံးဆက်စပ်ကာ ရေးသားထားခြင်း မဟုတ်။ စည်းကမ်းချက်များ၊ ဥပဒေများ၊ အဆိုအမိန့် များ၊ လမ်းညွှန်ချက်များကဲ့သို့ တစ်ပုဒ်စီ တစ်ပုဒ်စီ သီးသီးခြားခြား ရေးသားထားသည့် ကောက်နုတ်ချက် စာတမ်းတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း သူ၏အဆိုအမိန့်များသည် သူ၏ အတွေးအမြင်၊ ဒဿနအမြင်များ ဖြစ်သောကြောင့် စိတ်ဝင်စားစရာကောင်းသလို မှတ်သားစရာလည်း ကောင်းသည်။ ယူအေးရှိဘသည် “အာခီဒို” ကိုယ်ခံပညာကို လေ့လာရင်း အမြင်ပေါက်သွားပြီး ငြိမ်းချမ်းရေးနှင့် မေတ္တာတရားတို့၏ စွမ်းပကားကို နှစ်နှစ်ကာကာ ယုံကြည်သွားသည်။ တစ်နည်းပြောရလျှင် သူသည် ကိုယ်ခံ ပညာ ကမ္မဋ္ဌာန်းပေါက်သွားပြီး ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာရေးအတွက် အသက်ထက်ဆုံး ကျင့်ကြံ ဟောပြောသွားသည်။ ယူအေးရှိဘ၏ ဟောပြောချက်များတွင် စဉ်းစားစရာ၊ မှတ်သားစရာ အတွေးအမြင်များ ပါသည်။ ဒဿနသဘောတရားများ ပါသည်။