ကျေရာကျေကြောင်း

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
>> ဒီဝတ္ထုက အမေရိကန် စာရေးဆရာကြီး ဆစ်ဒနီ ရှယ်လ်ဒန်ရဲ့ ‘RAGE OF ANGELS’ စာအုပ်ကို ဆရာမောင်ပေါ်ထွန်းက ဘာသာပြန်ဆိုထားတာပါ။ ဒီဝတ္ထုကြီးကို ရေးသားရာမှာ မူရင်းစာရေးဆရာကြီး ရှယ်လ်ဒန်က အချက်အလက် ရှာဖွေတာတွေ၊ ကွင်းဆင်း လေ့လာတာတွေ၊ မူကြမ်း ရေးသားတာတွေနဲ့ ပြန်လည် ပြင်ဆင်ရေးသားတာတွေအတွက် သုံးနှစ်ကျော်ကျော် အချိန်ယူခဲ့ရပါတယ်။ >> ဝတ္ထုမှာ တက္ကသိုလ်ကနေ ဆင်းခါစ ဥပဒေဘွဲ့ရ အမျိုးသမီး ရှေ့နေမလေး တစ်ဦးကို မဏ္ဍိုင် ထားပြီး မာဖီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦးနဲ့ သမ္မတလောင်း အထက် လွှတ်တော် အမတ်တစ်ဦးတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဥပဒေ ဗဟုသုတ၊ တရားခွင် ဗဟုသုတတွေနဲ့ ရသမြောက်စွာ ပုံဖော်ဖန်တီးထားလို့ ဝန်ဇင်း ဘာသာပြန်စာပေချစ် ပရိသတ်ကြီးအတွက်ကတော့ သိပ်ကို ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။