သားကောင်နှင့်မုဆိုး

မောင်ပေါ်ထွန်

1000 Kyats ကျပ်
ALAN CAILLOU ရဲ့ BICHU THE JAGUAR စာအုပ်ကို ဆရာမောင်ပေါ်ထွန်း ဘာသာပြန်တဲ့ စာအုပ်တစ်အုပ်ပါ။ ဒီဝတ္ထုကို ‘တိရစ္ဆာန်ဝတ္ထု’ ဒါမှမဟုတ် ‘အမဲလိုက်ဝတ္ထု’ လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီဝတ္ထုဟာ သာမန်ရိုးရိုး အမဲလိုက်ဝတ္ထုမျိုးတော့ မဟုတ်ပါဘူး။ သာမန် ရိုးရိုး စွန့်စားခန်းဝတ္ထုမျိုးတော့ မဟုတ်ပါဘူး။ သားကောင်နဲ့ မုဆိုးတို့ရဲ့ စိတ်ထားကို အနုစိပ်ဖော်ပြတဲ့ ခံစားချက် ဝတ္ထုဖြစ်ပါတယ်။ ဆရာမောင်ပေါ်ထွန်းက ဒီစာအုပ်နဲ့ နီးစပ်တဲ့ သူ့ရဲ့ ကိုယ်တွေ့ တောတွင်းအတွေ့အကြုံတွေကိုလည်း အမှာစာမှာ စိတ်ဝင်စားစရာ ဖော်ပြထားပါတယ်။ ‘သားကောင်နှင့် မုဆိုး’ ဆိုတဲ့ ခေါင်းစဉ်အတိုင်း တောတွင်းအတွေ့အကြုံ၊ အမဲလိုက် စွန့်စားခန်း၊ သားကောင်နဲ့ မုဆိုးတို့ရဲ့ အဖြစ်အပျက်တွေကို ရင်တထိတ်ထိတ်၊ အသည်းတအေးအေး၊ ကြေကွဲဖွယ်၊ ကြည်နူးဖွယ်၊ ထိတ်လန့်ဖွယ်၊ သံဝေဂယူဖွယ်၊ ရသများစွာနဲ့ ခံစားကြရမှာပါ။