ပိပိရိရိ

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
တစ်ချိန်တုန်းကတော့ ကျွန်တော်တို့နိုင်ငံမှာ သေဒဏ်အပြစ်ပေးခြင်းကို လုံးဝပယ်ဖျက်ပစ်တဲ့ အခြေအနေအထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ဒါပေမဲ့ လူကြီးမင်း စောစောက ပြောခဲ့တဲ့အတိုင်း ကျွန်တော့်မိန်းမရဲ့ အသေဆိုးနဲ့ သေဆုံးမှု မပေါ်ပေါက်ခင် အစောကြီးကတည်းက ကျွန်တော့်အနေနဲ့ ခိုင်မာတဲ့ ခံယူချက်တစ်ရပ် ရှိနေခဲ့ပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ စိုးရိမ်ကြောင့်ကြစိတ် ကင်းမဲ့စွာနဲ့ သွားလာနေထိုင်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ရာမှာ လုံခြုံစိတ်ချစွာနဲ့ နေထိုင်နိုင်ခွင့် ရရှိနိုင်ဖို့အတွက်ဆိုရင်၊ ပြစ်မှုကျူးလွန်သူတွေကို ရပ်တန်းကရပ်သွားအောင် လုပ်ကို လုပ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို သူတို့ကို ရပ်တန်းက ရပ်သွားအောင် လုပ်ဖို့ဆိုတာကလည်း သူတို့ကြောင့် ဒုက္ခရောက်သွားကြတဲ့ အပြစ်မဲ့သူတွေ ခံစားခဲ့ရသလို၊ သူတို့ကိုလည်း အလားတူ ခံစားရအောင် ပြစ်ဒဏ်ခတ်ဖို့ လိုအပ်ပါတယ်။