အံဖွယ် ဂမ္ဘီရပုံပြင်များ

မောင်ခေတ်ထွန်း

700 Kyats ကျပ်
စာဖတ်သူ တယောက်အနေနဲ့ ကိုယ့်ရဲ့ ဗဟုသုတတွေ တိုးပွားလာဖို့နဲ့ အတွေးအမြင်သစ်တွေ ရရှိဖို့အတွက် ပုံပြင်တွေကို ဖတ်သင့်ပါတယ်လို့ ဆိုရင် နည်းနည်း အပြောကြီးသွားမလား မသိဘူး။ တကယ်တော့ ပုံပြင်တွေဟာ ရိုးရှင်းတယ်။ ပုံပြင်တွေက ပြောတဲ့ ဘဝဒဿနတွေ အတွေးအမြင်သစ်တွေဟာ အခြား စာအုပ်တွေထက် ကိုယ့် နှလုံးသားထဲကို တိုက်ရိုက် ရောက်သွားစေပါတယ်။ ဒီစာအုပ်ထဲမှာတော့ သာမန်ပုံပြင်ထက် ပိုတဲ့ ပုံဝတ္ထုတွေကို ဖတ်ရမှာပါ။ တရုတ်ပြည်မှာ ထင်ရှားခဲ့သူ ပညာရှိကြီး ‘ပိုးချောင်လင်း’ ရဲ့ လက်ရာက အစ ဖတ်ရမှာ ဆိုတော့ ဖတ်ရတာ ပိုပြီး တန်ဖိုး ရှိပါတယ်။ စ,ဖတ်မယ် ဆိုရင်တော့ ‘စာကြမ်းပိုးနှင့် ထူးဆန်းသော မိန်းကလေး’ ဆိုတာကို အရင်ဆုံး ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။