မြန်မာ့ကိုယ်ကျင့်လမ်းညွှန်

မောင်ကျေးဇူး

500 Kyats ကျပ်
“တရားစောင့်သောသူကို တရားက စောင့်၏။ တရားကိုချစ်သောသူသည် စည်းစိမ်ချမ်းသာ ဖြစ်ထွန်း၏။ တရားကိုမုန်းသောသူသည် စည်းစိမ်ချမ်းသာ ပျက်စီး၏။ အကြင်သူသည် တရားကိုသတ်၏။ ထိုသူကို သေကြေပျက်စီးသော တရားက သတ်၏” (ဗုဒ္ဓ၏ဓမ္မပဒ) မြဝတီဂျာနယ်၊ ပညာတန်ဆောင်၊ မြို့တော်ရန်ကုန်မဂ္ဂဇင်းနဲ့ သုတစွယ်စုံတို့မှာ ဆရာမောင်ကျေးဇူး ရေးသားခဲ့တဲ့ မြန်မာ့ကိုယ်ကျင့်လမ်းညွှန် ဆောင်းပါးတွေကို စုစည်းပြီး ပြန်လည် ထုတ်ဝေထားတဲ့ စာအုပ် ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ အောက်မှာ ရှိနေပါတယ်။ ဒါကြောင့် မြန်မာ့ကိုယ်ကျင့်တရားလို့ ပြောရင် ဗုဒ္ဓအဆုံးအမကနေ မလွတ်ကင်းပါဘူး။ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် မြန်မာမှုပြုပြီး ကျင့်သုံးလာခဲ့တဲ့ မြန်မာတို့ရဲ့ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုတွေက ဒီကနေ့အထိ ထွန်းကားနေဆဲပါပဲ။ ဒီစာအုပ်ထဲက ဆောင်းပါးတွေမှာတော့ ဆရာက တပည့်ကို ဆုံးမဟန် စာအရေးအသားနဲ့ ရှင်းလင်းနားလည်အောင် ရေးပြထားပါတယ်။ မြန်မာ့ကိုယ်ကျင့် ဆိုတဲ့အတိုင်း၊ လူကြီး လူငယ်မရွေး ဖတ်ရှုသင့်၊ လိုက်နာကျင့်သုံးသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဆိုတာတော့ အထူးအထွေ ပြောပြနေစရာ လိုမယ်မထင်တော့ပါဘူးနော်။