ပြည်သူ့နီတိ

မောင်ကျေးဇူး

1000 Kyats ကျပ်
ဒီဘက်နှစ်ပိုင်းတွေမှာ ပြည်သူ့နီတိစကားသံတွေ၊ ပြည်သူ့နီတိ လှုပ်ရှားမှုတွေ ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။ ပြည်သူ့နီတိယဉ်ကျေးမှု ပြန်လည်လှုပ်ရှား သက်ဝင်လာတာကလည်း ဝမ်းသာစရာပါပဲ။ ပါလီမန်ဒီမိုကရေစီ တစ်ခေတ်လုံး ကျင့်သုံးခဲ့တဲ့ ပြည်သူ့နီတိကို အာဏာသိမ်းစစ်အစိုးရက (၁၉၆၂) ခုနှစ်ကစပြီး ပြည်ဖုံးကား ချခဲ့ပါတယ်။ ကျောင်းသုံးပြည်သူ့နီတိ စာအုပ်တွေကို ရပ်စဲလိုက်ပါတယ်။ ဒီနေ့ခေတ်မှာ ပြန်လည်သက်ဝင် လှုပ်ရှားလာတဲ့ ပြည်သူ့နီတိ ယဉ်ကျေးမှုကို အားဖြည့်တဲ့အနေနဲ့ ဒီ “ပြည်သူ့နီတိ စာ ကဗျာ” စာအုပ်ကို ထုတ်ဝေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အပိုင်းကဏ္ဍ (၂)ပိုင်း ပါဝင်ပြီး ပထမပိုင်းက “ပြည်သူ့နီတိစာပဒေသာ” ၊ ဒုတိယပိုင်းက “ပြည်သူ့နီတိကဗျာ” ဖြစ်ပါတယ်။ ဒီ (၂) ပိုင်းကို ပေါင်းစည်းပြီး “ပြည်သူ့နီတိ စာ ကဗျာ” လို့ အမည်ပေးထားတာပဲ ဖြစ်ပါတယ်။ ပြည်သူ့နီတိကို လေ့လာလိုသူတွေအတွက် ဒီစာအုပ်က ပြည့်ပြည့်စုံစုံ ပေးစွမ်းနိုင်မှာ သေချာပါတယ် ခင်ဗျ။