ကျောင်းသား လူငယ် လူရွယ်သုံး စာစီစာကုံး ESSAY များ

မောင်ကျေးဇူး

1000 Kyats ကျပ်
ထုတ်ဝေသူများက တောင်းဆို၍ (၃) နေရာဖြန့်ဝေနေသော အခြေခံပညာ အထက်တန်း မြန်မာစာစီစာကုံးများ အင်္ဂလိပ် Essay များ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ရာထူးဝင်စာမေးပွဲ မြန်မာစာစီစာကုံးများကို စုစည်းသည့် စာအုပ်ဖြစ်ပါသည်။ ဆီလျော်အောင် ကျောင်းသားလူငယ် လူရွယ်သုံး စာစီစာကုံး (Essay)များဟူ၍ စာအုပ် အမည်ပေးလိုက်ပါသည်။ အခြေခံပညာအထက်တန်းဖြေမည့်သူများကို ကျောင်းသားလူငယ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ရာထူးဝင်စာမေးပွဲဖြေမည့်သူများ (ဘွဲ့ရသို့မဟုတ် လုပ်ငန်းခွင်ရောက် ပြီးသူ)ကို လူရွယ်ဟုညွှန်းဆိုခြင်းဖြစ်သည်။ မြန်မာစာစီစာကုံး သို့မဟုတ် English Essay များသည် ကျက်စာမဟုတ်ပါ။ နမူနာဖော်ပြ ခြင်းသာဖြစ်ပြီး စာမေးပွဲခန်းတွင် ကိုယ်ပိုင် စိတ်ကူးဉာဏ်ဖြင့် ရေးရန်သာဖြစ်သည်။ ဖြေမည့်သူက စု-တု-ပြု ရမည်သာဖြစ်၏။ ကိုယ်တိုင်တွေးရေးမှသာ အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်ပါမည်။