လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ်

မောင်ကျေးဇူး

600 Kyats ကျပ်
✨ ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများက မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို မျက်ကွယ်ပြုနေတတ်ကြတယ်။ ဆရာမောင်ကျေးဇူးက ပညာရေးဝန်ထမ်းဟောင်းဆိုတော့ ဒါကို သေချာသဘောပေါက်တယ်။ သူက သေရည်သေရက် သောက်စားမှုနဲ့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုကို ဆန့်ကျင်ကန့်ကွက်သူလည်းဖြစ်တယ်။ ဒါကြောင့်လည်း ခုလိုစာပေတွေကို မကြာမကြာရေးလေ့ရှိပါတယ်။ ✨ ဒီစာအုပ်ထဲမှာ သမိုင်းအစဉ်အလာတွေ၊ ဆုံးမသြဝါဒတွေ၊ အသိပညာပေးစာသားတွေ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးအန္တရာယ် မြင်ကွင်းတွေကို အသေးစိတ်ဖော်ပြထားတယ်။ လူငယ်တွေအတွက် တကယ်ကို လမ်းမှန်ညွှန်ပြပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို မိဘတွေအနေနဲ့ သားသမီးတွေကို မဖြစ်မနေ ပေးဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါပဲ။