မြေသုဉ်းလို့ မျိုးတုံးမှာစိုး

မောင်သာချို

600 Kyats ကျပ်
...ယခုစာအုပ်က မစုစည်းရသေးသည့် ဆောင်းပါးအသစ်များ စုစည်းမှု၊ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ တိုင်းရင်းသား ပြည်သူလူထုအားလုံး ကမ္ဘာကြီးပေါ်ကနေ ညှိုးငယ် ပျက်သုဉ်းမသွားစေဖို့ရာ ရည်ရွယ်လျက် မြေသုဉ်းလို့ မျိုးတုံးမှာစိုး ဟု အမည်ပေးလိုက်ပါသည်’ ဆိုတဲ့ အမှာနဲ့အတူ ထွက်ရှိလာတဲ့ ဆောင်းပါးစုစည်းမှု စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာမောင်သာချိုရဲ့ ဆောင်းပါး (၃၅) ပုဒ် ပါဝင်ပါတယ်။ ညအမှောင်မှာ ငါ့ကောင်တွေ လင်းမှာစိုး၊ နှလုံးသား သယံဇာတတွေ ခန်းခြောက်ပြီလား၊ ကစ္ဆပနဒီမြစ်ဖျားမှာ တောင်ဇလပ်တွေ မပွင့်ဘူးလား၊ အမြဲနေရမယ် ဆိုတဲ့လူ လက်ညှိုးထောင်၊ တစ်နပ်စား တစ်ပန်းကန်စား တစ်ပွဲစား၊ ဘီးတစ်ချောင်းနဲ့ တောင်ကြီးပေါ် တက်လာတဲ့ ပင်လယ်၊ ကိုယ့်အနားမှာ ဘယ်သူများ ရှိပါလိမ့်၊ စကြဝဠာကြီးကို မောင်ပိုင်စီးကြမလို့၊ အဓမ္မ အဝန်းအဝိုင်းထဲက လူ … စတဲ့ ဆောင်းပါးတွေက စလို့ ဆရာမောင်သာချိုရဲ့ လက်ရာ ဆောင်းပါးများစွာ ပါဝင်တဲ့ ဒီစာအုပ်လေးကလည်း စာချစ်သူတို့ စိတ်ကျေနပ်အားရစေမယ့် ဆောင်းပါးပေါင်းစု စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။