သမီးဖတ်ဖို့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း

မောင်သာချို

800 Kyats ကျပ်
သမီးဖတ်ဖို့ စာအုပ်တွေဟာ ဆရာမောင်သာချိုရဲ့ စာရေးနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာလည်း ဆရာက သမီးလေးကို စကားပြောနေရင်း ဆုံးမမှန်းမသိ ဆုံးမနေဟန်နဲ့ ရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါး အသစ်စက်စက်တွေ ပါဝင်ပါတယ်။ အတွေးအမြင် ဆိုတဲ့အတိုင်း ဆောင်းပါးတစ်ပုဒ် ဖတ်နေရင်းပဲဖြစ်ဖြစ်၊ ဖတ်ပြီးချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက်တော့ တစ်ခုခု ကျန်ခဲ့တယ်ဆိုတာ အသေအချာ ပြောပါရစေ။ ဆောင်းပါး တစ်ပုဒ်နှစ်ပုဒ်လောက် ဖတ်ပြီးလိုက်တာနဲ့ သြော် … ငါတို့တွေ ဒီလိုများ ဖြစ်နေပြီလား၊ ဒီလိုမဖြစ်အောင် ဘယ်လိုများ လုပ်ကြရမလဲ စသဖြင့် အတွေးစလေးတွေ ရလာမှာပါ။ ပြီးတဲ့အခါမှာတော့ ကိုယ့်သားသမီးလေးတွေကိုပါ ပုံပြင်ဖတ်သလို ဖတ်ပြရင်း ဆုံးမရင်းနဲ့ ကလေးတွေအတွက်လည်း အတွေးအမြင်သစ်တွေ ရရှိသွားစေမယ့် စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း ဆောင်းပါးမှာတော့ တာဝန်ယူစိတ် တာဝန်သိစိတ်က ဘယ်လောက်အထိ အရေးကြီးတယ် ၊ လူတစ်ဦးတစ်ယောက်ဆီမှာ တာဝန်သိစိတ် တာဝန်ယူစိတ် ရှိမှပဲ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတာကို လေးစားအတုယူဖွယ် ဖော်ပြထားတာ တွေ့ရမှာပါ။ ကဲ … ဖတ်ရှုရ အကျိုးရှိစေတဲ့ ဆောင်းပါးတွေအပြည့်နဲ့ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဖတ်ရှုလိုက်ပါဦးခင်ဗျ။