ရှေ့နေကြီးပယ်ရီမေဆင်နှင့် သေနတ်ကိုင်သော ကလေးအမှု

မောင်ဝံသ

800 Kyats ကျပ်
ရှေ့နေကြီး ပယ်ရီမေဆင်ဇာတ်လမ်းတွေကို အက်ဒမင်တော့ တော်တော်သဘောကျနေပြီ။ ရှားလော့ဟုမ်းကို ကြိုက်သလိုပဲ မေဆင်ကိုလည်း သဘောကျတယ်ဗျ။ အခုလာပြန်ပြီ၊ နောက်ထပ်တစ်မှု ! ဒီစာအုပ်ရဲ့ မူရင်းနာမည်ကတော့ The Case Of The Deadly Toy , ပြန်မိတ်ဆက်ပေးရရင် မူရင်းရေးသားသူက Erle Stanley Gardner ဆိုတဲ့ ဘဲကြီးပေါ့။ သူက အမေရိကန် ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်၊ ပယ်ရီမေဆင်ရဲ့ ဇာတ်လမ်းတွေက မှုခင်းတို့၊ စုံထောက်နဲ့ ဥပဒေကိစ္စတို့ စိတ်ဝင်စားသူတိုင်း မလွတ်တမ်း ဖတ်သင့်တယ်လို့ ပြောရမယ်။