ရှေ့နေကြီးပယ်ရီမေဆင်နှင့် ခုနစ်လွှာပျိုဖြူအမှု

မောင်ဝံသ

900 Kyats ကျပ်
ရှေ့နေကြီး ပယ်ရီမေဆင် ဖြေရှင်းတဲ့အမှုတွေထဲမှာမှ ဒီအမှုက နည်းနည်းဝေခွဲရခက်တဲ့ အမှုလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့၊ စာအုပ်အပိုင်း တော်တော်များများအထိ၊ ဒီအမှုက ဘာအမှုလဲဆိုတာကို ဖတ်နေရင်း တော်တော်ဝေခွဲရခက်ပါ့။ ခန္ဓာကိုယ်လှလှနဲ့ ကောင်မလေးတစ်ယောက်။ အတိတ်မေ့ရောဂါ ရှိသယောင်ယောင်နဲ့ သူ့ရဲ့ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုတွေ။ သူနဲ့ ပတ်သက်တဲ့ လူတစ်ယောက် သေဆုံးမှုအကြောင်း ! ဒီလောက်ပဲသိပြီး ဉာဏ်ကစားကြည့်ကြတာပေါ့။ ဒါတွေအပေါ် ရှေ့နေကြီးပယ်ရီဆင်ရဲ့ အမှုတည်ဆောက်ပုံ၊ စဉ်းစားပုံ၊ ဆက်စပ်တွေးခေါ်ပုံ၊ လျှောက်လှဲပုံတွေကို လှလှပပကြီး မြင်ရတော့ ကိုယ့်မှာ ဇာတ်လမ်းကို တော်တော်ကြိုက်သွားတယ်။ ရှေ့နေပညာရပ်တွေ၊ အမှုအသွားအလာ ခန့်မှန်းချက်တွေကလည်း ဗဟုသုတလည်းရတယ်၊ အံ့သြဖို့လည်းကောင်းတယ်။ ဒီစာအုပ်ရဲ့မူရင်းနာမည်က THE CASE OF THE GLAMOROUS GHOST ပဲ ဖြစ်ပါတယ်။ မူရင်းရေးသားသူက ERLE STANLEY GARDNER ဖြစ်ပါတယ်။