တွေးအမြင်ဒဿန ခေါင်းကြီးများ

မောင်ဝံသ

900 Kyats ကျပ်
လူသည် စဉ်းစားတွေးခေါ်တတ်သောကြောင့် အခြားသော သက်ရှိတို့ထက် ထူးခြားနေခြင်းဖြစ်သည်။ စဉ်းစားတွေးခေါ်တတ်သည့် အသိဥာဏ်သည် လူ့ဘ၀၏ အားကိုးရာတစ်ခုလည်း ဖြစ်ပေသည်။ ထိုအရာကို သာမန်အားဖြင့် သတိပြုမိချင်မှ ပြုမိလိမ့်မည်။ အသိဥာဏ်ဖွံဖြိုးသူနှင့် အသိဥာဏ်မဖွံ့ဖြိုးသူနှင့် နှိုင်းယှဉ်ကြည့်လျှင် အသိဥာဏ်ဖွံဖြိုးသူသည် စဉ်းစားတွေးခေါ်တတ်၊ စူးစမ်းတတ်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသည်။ လူရယ်လို့ဖြစ်လာသူ မှန်သမျှ အသိဥာဏ်ရှိပါသော်လည်း အမှား/အမှန်ကို ခွဲခြားနိုင်ရပါမည်။လူသားတိုင်းသည် ပင်ကိုယ်အားဖြင့် ကြမ်းတမ်းသောစိတ်ရှိကြသည်။ အဲ့ဒီ ကြမ်းတမ်းသော စိတ်ကိုပြုပြင်ရမှာက မိမိ ကိုယ်တိုင်ပင်ဖြစ်သည်။ မိမိ၏ အောင်မြင်မှုကို သယ်ဆောင်လာသူမှာလည်း မိမိကိုယ်တိုင်သာဖြစ်သည်။ မနာလိုစိတ်သည် အချင်းချင်း ဒေါသ မီးတောက်လောင်စေပြီး မနာလိုဝန်တိုစိတ်သည် အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်ရန်လှုံဆော်ပေးသည်။ ထို့ကြောင့် အမှား/အမှန် ခွဲခြားနိုင်ဖို့ ဗဟုသုတများများရှိဖို့အတွက် “အတွေးအမြင် ဒသနခေါင်းကြီးများ” ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးလိုက်ရပါသည်။ ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေကို ရရှိစေမှာဖြစ်တဲ့အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။