အသည်းကွဲပန်းပွင့်၏ နိယာမ ကောက်ကြောင်း

မောင်လှမျိုး(ချင်းချောင်းခြံ)

700 Kyats ကျပ်
ဒီတစ်ခါတော့ အသည်းနင့်ရမယ့် အသဲကွဲဇာတ်လမ်းတွေချည်း တင်ပေးလိုက်တယ်ဆိုပေမယ့် အလွမ်းကို ရင်မှာပျိုးဖို့ ဆိုရင်တော့ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)ဟာ ဆယ်စုနှစ်သုံးခုလောက်အကြာ အလွမ်းကကြိုးကို ဆက်ထုံးမဖြေနိုင်လောက်အောင် သီဖွဲ့နိုင်စွမ်းအရှိဆုံး စာရေးဆရာတစ်ဦးဆိုတာကို ဂရုပြုမိဖို့ သတိပေးလိုပါတယ်။ အခုလည်း အလွမ်းကို ဖွဲ့သီတဲ့နေရာမှာ ဆရာဟာ ပုံစံမတူတဲ့ လွမ်းချင်းလေးမျိုးကို ဇာတ်အိမ်လေးမျိုးနဲ့ ခင်းကျင်းပြထားပါတယ်။ “အသည်းကွဲနည်း” ဆိုတဲ့ ဝတ္ထုထဲမှာတော့ အလွမ်းကို ခပ်ကြမ်းကြမ်းလေး ဖွဲ့ထားပြီး “ဘုံပြတ်ပန်းပွင့်” ဆိုတဲ့ ဇာတ်လမ်းထဲမှာတော့ အလွမ်းဟာ ခပ်နင့်နင့်နဲ့ ရင်ကိုစူးစေပါတယ်။ “ နိယာမများအကြောင်း” ကတော့ ၁၅၀၀ အလွမ်းလည်း မဟုတ်၊ ၅၂၈ အလွမ်းလည်းမဟုတ်တဲ့ ခပ်ငယ်ငယ်က ထိတွေ့ဆော့ကစားဖူးတဲ့၊ အိမ်ခြံဝန်းတစ်ခုအပေါ် ငြိတွယ်မိတဲ့ သံယောဇဉ်အလွမ်းကို ပါးပါးလှပ်လှပ်ဖွဲ့ ထားတာပါပဲ။ နူးညံသိမ်မွေ့လွန်းလို့ လွမ်းလို့လွမ်းမှန်း မသိအောင် လွမ်းရတဲ့ အလွမ်းကိုတော့ “ကောင်းကင် ကောက်ကြောင်း” ထဲက ဒုက္ခိတပန်းချီဆရာလေးနဲ့ မျက်မမြင် ကောင်မလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲက စီးကျလာခြင်းနဲ့ အတူ ခံစားရမှာပါ။ ဒီတော့ ဆရာမောင်လှမျိုးက “အသည်းကွဲပန်းပွင့်ရဲ့ နိယာမ ကောက်ကြောင်း” ထဲမှာ စာဖတ်သူတွေကို ဘယ်လို ရင်သပ်ရှုမော ဖြစ်စေမလဲ ဆိုတာကတော့ … ။