မနာတတ်တဲ့အသည်း

မောင်လှမျိုး(ချင်းချောင်းခြံ)

800 Kyats ကျပ်
မာဃ ဟာ မိသားစုရေးရာ ကိစ္စရပ်တစ်ခုကြောင့် အိမ်မပြန်ချင်တော့တဲ့ မြသက်ထား ဆိုသူ ကလေးမလေး တစ်ယောက်ကို ကူညီပေးခဲ့ဖူးတယ်။ အချိန်တွေကြာလာတော့ အဲဒီကလေးမလေးဟာ မာဃဆီ ပြန်ရောက်လာခဲ့တယ်။ ကျေးဇူးတင်ချင်လို့ပါတဲ့… ဒါပေမဲ့ သူ့ရဲ့ဆိုးရွားလှတဲ့ မိသားစုပြဿနာကတော့ မပြေလည်သေးပါဘူး။ အဲဒီမှာ မာဃ က သက်ထားကို ဆက်ပြီးကူညီဖြစ်ခဲ့တယ်။ လုပ်ငန်းရေးရာ သင်ကြားပေးတာကအစ အကုန်ကူညီခဲ့တယ်။ သူ့သူငယ်ချင်းတွေက သက်ထား ကို သတိထားဖို့ ပြောပေမဲ့ မာဃဟာ လက်မခံခဲ့ဘူး။ သက်ထားရဲ့ ပုံစံကို ရိပ်မိရဲ့သားနဲ့ မာဃဟာ ယုံကြည်မှုတွေပေးခဲ့မိတယ်။ အဲဒီလိုကနေစလို့ မာဃတစ်ယောက် ဘယ်လိုနာကျင်မှုတွေ၊ လိမ်လည်မှုတွေ၊ ချစ်ခြင်းတွေကို ခံစားရမလဲဆိုတာ ဝတ္ထုထဲမှာ ဖတ်ရှုကြည့်ကြပါဦး။ တကယ်ကို စွဲလမ်းဖို့ကောင်းတဲ့ ဝတ္ထုပါပဲ။