အင္နစ္ဂမာ

မောင်မိုးသူ

700 Kyats ကျပ်
ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဝတ္ထုဇာတ်ကြောင်းတွေ အများအပြား ပေါ်ထွက်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ စာဖတ်သူတွေရင်ထဲ စွဲကျန်ရစ်ခဲ့စေတဲ့ စာအုပ်အမည်စာရင်းကတော့ ဆယ်ဂဏန်းကျော်ကျော်လောက်လေးပဲ ရှိပါတယ်။ အင်နစ်ဂမာဟာ အဲဒီစာရင်းထဲက စာအုပ်တစ်အုပ်ပါပဲ။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ အင်နစ်ဂမာဆိုတဲ့ ဂျာမနီတွေရဲ့ လျှို့ဝှက်အသံလွှင့် အသံဖမ်းစက်ဟာ အထင်ကရ သမိုင်းတစ်ခုဖြစ်ပါတယ်။ ဗြိတိသျှတွေသာ ဒီအသံလွှင့်စက်ရဲ့ လျှို့ဝှက်မှုကို ရအောင်မယူ နိုင်ခဲ့ဖူးဆိုရင် ဒုတိယကမ္ဘာစစ်ကြီးအကြောင်း ဒီကနေ့ ကျွန်တော်တို့သိနေရတဲ့ သမိုင်းစဉ်တွေဟာ တစ်မျိုးတစ်ဖုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် အင်နစ်ဂမာဆိုတဲ့ ဒီစက်ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုထဲမှာ သမိုင်းဇာတ်ကောင်တွေနဲ့အတူ စပိုင်တွေရဲ့ ပညာပြိုင်ခန်းတွေ၊ စွန့်လွှတ်စွန့်စားမှုတွေ၊ စစ်ကြီးကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်ကြတဲ့ ခေါင်းဆောင်တွေရဲ့ ဉာဏ်အမျှော်အမြင် စတာတွေကို ဖတ်ရှုရင်း စာဖတ်သူတို့ကို ဒုတိယကမ္ဘာစစ် စပိုင်တစ်ဦးအဖြစ် ဒီစာအုပ်က ခေါ်ဆောင်သွားပါလိမ့်မယ်။