မာဖီးယားနှင့် ပေါ်ပီပန်း

မောင်မိုးသူ

700 Kyats ကျပ်
ပေါ်ပီပန်းဆိုတာတော့ လူတိုင်းသိကြမှာပါဗျ။ ဟုတ်ပါတယ်။ ဘိန်းဖြူပန်းပါ။ ဘိန်းဖြူတွေ အမြောက်အမြားထုတ်လုပ်ရောင်းချတဲ့ မက္ကဆီကို နိုင်ငံကနေ အမေရိကန်နိုင်ငံထဲ ဘိန်းဖြူမှောင်ခိုတင်သွင်းတဲ့ လမ်းကြောင်းကြီးကို နှစ်နိုင်ငံထောက်လှမ်းရေးအဖွဲ့ဝင်တွေက တားဆီးကြပါတယ်။ ဘိန်းဖြူဆိုတာနဲ့ အနောက်ကကြိုးကိုင်နေတဲ့ အဖွဲ့ကြီးရှိနေတတ်ပါတယ်။ သူတို့တော့ ချီကာဂိုက မာဖီးယားဂိုဏ်းကြီးပါပဲ။ တစ်နေ့ အဲဒီချီကာဂိုမာဖီးယားဂိုဏ်းရဲ့ စာရင်းကိုင်လေးက ဂိုဏ်းချုပ်ကြီးဆီက ဒေါ်လာငွေနှစ်သိန်းခွဲ ဘတ်သွားပါတယ်။ မာဖီးဟားဂိုဏ်းချုပ်ကြီးကလည်း သစ္စာဖောက်ကို သူ့လူတွေလိုက်ရှာသတ်ခိုင်း။ ဒီကြားထဲ ဂိုဏ်းချုပ်ကြီးရဲ့ အပျော်မယားကလည်း ဒီပိုက်ဆံတွေကို ကြားထဲက ဖြတ်ခုတ်ဖို့ကြံ။ နောက်ဆုံးဘာတွေ ဆက်ဖြစ်ကြမလဲ။ ဟာသလေးတွေလဲပါရဲ့။ အက်ရှင်ဇာတ်ကြမ်းတွေလည်းပါရဲ့။ ဘိန်းဖြူရဲ့ အကြောင်းတွေ၊ ဘိန်းဖြူရဲ့ အန္တာရာယ်တွေလည်းပါရဲ့။ ဘာသာပြန် ဆရာမောင်မိုးသူရဲ့လက်ရာဆိုတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူးဗျ။ အက်ရှင်ကားကောင်းတစ်ကားကြည့်ရသလို ဖြစ်သွားစေရမယ်လို့ အာမခံရင်း ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုဖို့ ညွှန်းလိုက်ပါရစေ။