ကာမင်း

မောင်ထွန်းသူ

1000 Kyats ကျပ်
“ကာမင်းဟာ အမြဲတမ်း လွတ်လပ်နေမှာပါ” လို့ ပြောတတ်တဲ့ လွတ်လပ်မှုမှတပါး အခြားဘာကိုမှ တွယ်တာမြတ်နိုး သူမဟုတ်တဲ့ သူမ။ ကမ္ဘာ့စာပေလောကမှာတော့ အမြင့်မြတ်ဆုံးနဲ့ သနားစရာအကောင်းဆုံး မိန်းမလှလေးတစ်ဦးအဖြစ် ထင်ရှားတဲ့သူမ။ ဒါပေမယ့် သူမဟာ အောက်တန်းစားဂျစ်ပစီမလေး။ ထို့အတူပဲ သူခိုးမလေးတစ်ယောက်၊ မိန်းမရွှင်မလေး တစ်ယောက်၊ အလိမ်အညာမလေး တစ်ယောက်။ အလွန်လှပပေမယ့် ကိုယ့်အလှကိုကိုယ်တန်ဖိုးမထား အလွန်လည်၊ အလွန် ပရိယာယ်မာယာများ၊ စံတင်လောက်အောင် လိမ်ညာလှည့်ဖြားတတ်၊ လူ့အသက် တစ်ချောင်းကိုတောင် သတ်ရဲဖြတ်ရဲတဲ့ မကောင်းမှုဒုစရိုက်တွေနဲ့သာ မွေ့လျော်တဲ့ သူမ။ ကာမင်းရဲ့ အလှကွန်ယက်မှာ တိုးဝင်မိသူတိုင်း ဘဝပျက်ကြရတယ်။ ဒါဆိုရင် ဘာကြောင့် ကာမင်းကို ကမ္ဘာ့စာပေလောကက အမြင့်မြတ်ဆုံးနဲ့ သနားစရာအကောင်းဆုံး မိန်းမလှတစ်ဦးလို့ သတ်မှတ်ကြရတာလဲ။ ဒါဟာ ကာမင်းရဲ့ ဘဝအတွက် အင်မတန်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဠိတစ်ခုပါ။ နောက် ကာမင်းကို ဖန်တီးသူ ပြင်သစ်စာရေးဆရာ ပရော့စ်ပါးမာရီမီး ရှာဖွေတွေ့ရှိခဲ့တဲ့ တကယ့်ပြင်ပ သက်ရှိလောကက တကယ့် ဂျစ်ပစီမလေးတစ်ဦး (သို့မဟုတ်) ဂျစ်ပစီမလေးအသွင် ပုံဖော်ထားတဲ့ ကော်ဆီကန်ကျွန်းသူတစ်ဦးရဲ့ ဘဝပဟေဠိလား ဆိုတာကို စာဖတ်သူတို့ ဖတ်ရှုရှာဖွေကြည့်ဖို့ ထိုက်တန်ပါတယ်ဆိုတာ အာမခံလိုက်ပါရစေ။