လာနီညာဆိုတဲ့မိန်းကလေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်းပါးများ

မောင်ထွန်းလွင် (မိုးလေဝသ)

600 Kyats ကျပ်
မိုးလေ၀သသတင်းများထုတ်ပြန်ခြင်းဟာ ပြည်သူလူထုအတွက် သတင်းထုတ်ပြန်ခြင်းဘဲဖြစ်ပါတယ်။ ဒီသတင်းများရဲ့ ဦးတည်ချက်ကတော့ ပြည်သူလူထုအတွက် စီးပွားရေးနဲ့ လူမှုရေးအကျိုးရှိဖို့ ပဲဖြစ်ပါတယ်။ ဦးတည်ချက်များရဲ့ အကောင်အထည်ဖော်ဆောင်မှု ဆန်းစစ်ချက်ကတော့ လူထုတုန့်ပြန်မှုပဲ ဖြစ်ပါတယ်။ မိုးလေ၀သသတင်းကြေညာချက်တွေမှာ အမှန်တကယ်ရှိတဲ့ပရိသတ်၊ခန့်မှန်းချက်ကိုသိလိုက်တဲ့ပရိသတ်၊ သိပြီးယုံကြည်တဲ့ပရိသတ်၊ယုံကြည်ပြီးကာကွယ်မှုပြုတဲ့ပရိသတ်ဆိုပြီး လေးမျိုး ရှိပါတယ်။ ဒါကို မောင်ထွန်းလွင် (မိုးလေ၀သ) ကရေးထားတဲ့ "လာနီညာဆိုတဲ့မိန်းကလေးနှင့်သဘာဝဘေးအန္တရာယ်ဆောင်းပါးများ" စာအုပ်လေး ကို စာချစ်သူများအတွက်တင်ပေးလိုက်ပါတယ်ရှင်။ ဒီစာအုပ်လေးကိုဖတ်ပြီး မိမိဟာ ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာ မိမိကိုယ်တိုင် သိအောင်ရေးထားတဲ့ စာအုပ်ဖြစ်တာကြောင့် ၀န်ဇင်းမှ တင်ပေးလိုက်ပါတယ်ရှင်။