တမ်းတတိုင်တည်တေး

မောင်ညိုအေး(ပန်းတော)

700 Kyats ကျပ်
ကျော်ဇင်ငြိမ်းက တက္ကသိုလ်ကျောင်းဆရာ။ တစ်ကိုယ်တည်းသမား။ သူဟာ နယ်ကနေ သူငယ်ချင်း မောင်ခင်ဝင်း တို့နေတဲ့ ရပ်ကွက်ကို ပြောင်းလာခဲ့တယ်။ တစ်နေ့ လူငယ်တစ်စု ရန်ဖြစ်နေလို့ သူဝင်ကယ်ခဲ့တယ်။ အဲဒီမှာပဲ ဇွဲနဲ့ အမွန်ကို ခင်မင်ခဲ့ရတာ။ ဇွဲက တကယ်ကို လူမိုက်ကလေးပါ။ အမွန်နားကို ဘယ်ယောက်ျားလေးမှ အကပ်မခံဘူး။ ဒါပေမဲ့ ကျော်ဇင်ငြိမ်းကိုတော့ ဇွဲ ကတော်တော်လေးစားသွားတယ်။ ဇွဲ မသိလိုက်တာက ကျော်ဇင်ငြိမ်းဟာ အမွန်ကို စိတ်ဝင်စားမိနေတယ် ဆိုတာပါပဲ။ ပတ်ဝန်းကျင်က ဇွဲနဲ့ အမွန်ဟာ သမီးရည်းစားတွေလို့ ထင်မြင်ကြပေမဲ့ အမွန်ကတော့ ဇွဲကို သူငယ်ချင်း သံယောဇဉ်သာ ရှိပါတယ်တဲ့။ ဒီလို မထင်မှတ်ဘဲ ခင်မင်မိရာကနေစလို့ သူတို့တွေရဲ့ မိသားစုအသိုင်းအဝိုင်း၊ မထင်မှတ်ထားတဲ့ ရင်ခုန်သံတွေ၊ ကံတရားရဲ့ လှည့်စားမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နှက်လာတဲ့ ဒီဝတ္ထုက ဖတ်ရတာ တကယ်ကို စွဲလမ်းဖွယ်ပါ။