အရိန္ဒမာသိပါသည်

မောင်စိန်ဝင်း

800 Kyats ကျပ်
ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ စာအုပ်ထဲမှာတော့ ရင့်ကျက်နေပြီဖြစ်တဲ့သူနှစ်ဦးတို့ရဲ့ သံယောဇဉ်အချစ်ကို လေးနက်စွာ ဖော်ကျူး ရေးဖွဲ့ထားပါတယ်။ အရံဇာတ်လိုက် အများအပြားလည်း ပါဝင်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေက အဓိကဇာတ်ကောင်နဲ့ ဇာတ်အိမ်တစ်ခုလုံးကို အားဖြည့်ထားတာကို ဖန်ရှုတွေ့မြင်ရပါလိမ့်မယ်။ ဒီဝတ္ထုရဲ့ ဇာတ်လိုက် ကိုရဲနဲ့ မြစန္ဒာတို့ကြား တည်ကြည်ခိုင်မြဲတဲ့ သံယောဇဉ်နဲ့အချစ်တစ်ခု ဖြစ်တည်လာပုံနဲ့ ဘယ်လိုဘယ်ပုံ ပျက်ရွေ့သွားသလဲဆိုတာကို စိတ်ဝင်တစားဖတ်ရှုရပါလိမ့်မယ်၊ ဒါ့အပြင် ပုဂံမြို့ဟောင်းရဲ့ ရှုခင်းအဖွဲ့အနွဲ့တွေနဲ့ သမိုင်းကိုလည်း လွမ်းဆွတ်ဖွယ် ဖတ်ရှုခံစားရင်း ပုဂံမြေရနံ့သင်းနေတဲ့ အရေးအသားတွေကြား စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။