ချစ်သူဖတ်ဖို့ ပန်းသီးကဗျာ

မောင်ကိုကို(အမရပူရ)

600 Kyats ကျပ်
ချစ်ခြင်းကို ဖွဲ့သီတဲ့နေရာမှာ ကဗျာတစ်ပုဒ်လောက် ဘယ်အရာကမှ ကုံလုံပြည့်မြောက်မှုမရှိပါဘူး။ ကဗျာဆိုတာ ဝတ္ထုတစ်ပုဒ်လို၊ ပြဇာတ်တစ်ပုဒ်လိုမဟုတ်ဘဲ လူ့သဘာဝဇာတ်လမ်းတစ်ပုဒ်ကို အတိုချုပ်ထားတဲ့ ရသမြောက်အလင်္ကာပါ။ ဒီလို လူ့သဘာဝဇာတ်လမ်းတွေထဲက ချစ်ခြင်းရဲ့ သိင်္ဂါရရသကို အက္ခရာမြောက် ဖွဲ့ထားတာမျိုးဆိုရင်တော့ အခုစာအုပ်ထဲက ကဗျာစုတို့ကို ညွှန်းပါရစေ။ “သူ့ကိုယ်ရနံ့နဲ့ ကျွန်တော့်ကိုယ်ရနံ့၊ ပေါင်းစပ်ထားတဲ့၊ လက်ဆောင်ပစ္စည်းတစ်ခုကို၊ ငွေမင်ရောင်စက္ကူနဲ့ ပက်ကင်လှလှ ပြုလုပ်ပြီး၊ ကျွန်တော့်ချစ်သူထံ အရောက်ပို့ဖို့အတွက်၊ လေညှင်းကလေးကို သူစောင့်နေလေရဲ့” တဲ့။ ဒီအဖွဲ့လေးရဲ့ သိင်္ဂါရ ရသမြောက်ခြင်းက ကဗျာချစ်သူတွေကို ဆွဲဆောင်နေစေမှာ အမှန်ဆိုရင်တော့ ကျန်တဲ့ လူ့သဘာဝဇာတ်ခန်းတွေထဲက ချစ်ခြင်းကို ဖွဲ့သီထားတဲ့ ဇာတ်လမ်းပုဒ်များကို ခံစားစေချင်မိပါတယ်။