မြန်မာပြည်ပန်းချီဆရာများ

မောင်ကိုကို(အမရပူရ)

600 Kyats ကျပ်
‘ကျွန်တော့်ပန်းချီကားဟာ ဘယ်ခေါင်းစဉ်အောက်မှာမှ မရှိဘူး’ ဆိုတဲ့ ပန်းချီဇော်ဇော်အောင်။ ‘ကျွန်တော် စိတ်ကျေနပ်တဲ့ ပန်းချီကားရေးပြီးရင် သုံးညလောက် အိပ်လို့ မရတော့ဘူး’ ဆိုတဲ့ ပန်းချီထွန်းထွန်းလင်း။ ‘ကျွန်မ အဖေကလည်း ပန်းချီဆရာ၊ အမျိုးသားကလည်း ပန်းချီဆရာ၊ ကျွန်မကလည်း ပန်းချီရေးတယ်ဆိုတော့ ဘဝဟာ ပျော်ရွှင်ဖို့ ကောင်းပါတယ်’ ဆိုတဲ့ ပန်းချီနုနု။ ‘ကျွန်တော့် ပန်းချီကားတွေဟာ လူမျိုးတစ်မျိုးအတွက် မဟုတ်ပါဘူး။ လူသားအားလုံး အတွက်ပါ’ ဆိုတဲ့ ပန်းချီဇွဲရန်နိုင်။ မြန်မာပြည်က ပန်းချီဆရာတွေအကြောင်း၊ သူတို့ရဲ့ ဘဝအတ္ထုပ္ပတ္တိ၊ သူတို့ရဲ့ ပန်းချီအနုပညာ၊ သူတို့ရဲ့ ပန်းချီအပေါ် ခံယူချက်၊ သဘောထား၊ သူတို့ရဲ့ ခံစားမှုတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ ပြီးတော့ ဒီပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားတချို့အကြောင်းနဲ့ ပန်းချီကားတွေကိုပါ ခံစားကြရမှာပါ။ ပန်းချီဆရာ စိုးနိုင်၊ ဇော်ဇော်အောင်၊ ချမ်းငြိမ်းကျော်၊ မျိုးသန့်အောင်၊ မင်းဇော်၊ မြင့်နိုင်၊ မြတ်ကျော့၊ ပြည့်ဖြိုးအောင်၊ မော်မော်၊ မန္တလေး - အောင်ကျော်၊ မန္တလေး - ကြည်ဝင်း၊ ဝင်းမြင့်ဦး၊ ထွန်းထွန်းလင်း၊ ရှိန်၊ ဝင်းတင့်၊ နုနု၊ ဇွဲရန်နိုင် စတဲ့ မြန်မာ ပန်းချီဆရာ၊ ဆရာမတွေအကြောင်းကို စုစည်းထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ခံစားကြည့်ရအောင်လား ခင်ဗျ။