ကောင်မလေးရဲ့ပါးပေါ်မှာ

မောင်ကိုကို(အမရပူရ)

600 Kyats ကျပ်
... ပေါက်ကျော်က အညတြလူတစ်ယောက်။ ဒါပေမဲ့ သာမန်လူတွေထက် ထူးခြားတာက ပေါက်ကျော်ရဲ့ ညာဘက်ခြေတစ်ဖက်ဟာ ခြေမျက်စိနေရာမှာ နည်းနည်းခွင်နေတယ်။ ပေါက်ကျော်မှာ အလုပ်မရှိဘူး။ ဒီတော့ လက်ဖက်ရည်ဖိုး၊ အရက်ဖိုး လိုတဲ့အခါ ဘုရားသခင်ကို ပြဿနာရှာတယ်။ ဘုရားသခင်ရဲ့ ညှာတာမှုကြောင့် ပေါက်ကျော် မိတ်ဆွေအပေါင်းအသင်းတွေ ရလာတယ်။ အပေါင်းအသင်းတွေက ပေါက်ကျော်ကို လက်ဖက်ရည် တိုက်တယ်၊ အရက်တိုက်တယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေကချည်း တိုက်ကျွေးနေရတာကို ပေါက်ကျော် အားနာလာတယ်။ ဒါနဲ့ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေကို ပေါက်ကျော်တွေးကြည့်တော့ ဂျာနယ်တွေကို မြင်မိသွားတယ်။ ပေါက်ကျော်လည်း ဂျာနယ်တွေမှာ သတင်းတွေရေးပြီး ပိုက်ဆံရှာတယ်။ တစ်နေ့မှာ ပေါက်ကျော်ဟာ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခွင့်ရခဲ့တယ်။ ကောင်မလေးကို မြင်မြင်ချင်း ပေါက်ကျော် စွဲလမ်းသွားခဲ့တယ်။ ချစ်သွားခဲ့တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်မက်တွယ်တာမှုဟာ ဘုရားသခင်ရဲ့ သနားကြင်နာမှုပဲလား၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ဒဏ်ခတ်မှု တစ်ခုများလား …