ဂျက်ကီ သို့မဟုတ် မုဆိုးမ၏အသည်းနှလုံး

မေသက်မှူး

600 Kyats ကျပ်
(၃၅) ယောက်မြောက် အမေရိကန်သမ္မတဖြစ်တဲ့ ဂျွန်အက်ကနေဒီရဲ့ဇနီးဖြစ်ခဲ့သူ ဂျက်ကလင်း။ ပထမအမျိုးသားဖြစ်တဲ့ သမ္မတကြီး လုပ်ကြံခံရပြီးနောက် မုဆိုးမဖြစ်ခဲ့ရ။ အဲဒီနောက် သန်းကြွယ်ရေနံသူဌေးကြီးတစ်ဦးဖြစ်သူ အိုနာစစ်နဲ့ ထပ်မံလက်ထပ်ခဲ့ရပြန်တဲ့ ဂျက်ကလင်းရဲ့ဘဝအထွေထွေဟာ လောကဓံ အတက်အကျပေါင်း များစွာနဲ့ပါပဲ။ ရေနံသူဌေးကြီးအိုနာစစ် နာမကျန်းဖြစ်ပြီး၊ ကွယ်လွန်တော့လည်း နောက်တစ်ကြိမ် မုဆိုးမဖြစ်ခဲ့ပြန်တယ်။ “မုဆိုးမတစ်ယောက်ရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်ရဲ့အမြင်မှာ ချို့ယွင်းချက်ရှိလာပြီ။ ပြီးတော့ လူ့အဖွဲ့အစည်းက မိန်းမတစ်ယောက်ရယ်လို့ မမြင်နိုင်ကြတော့ဘူး” ဆို ဂျက်ကီရဲ့အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။