ပန်းတစ်ပွင့်ရဲ့လွမ်းချင်းနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ

မဇေူး

600 Kyats ကျပ်
အရင်ကပေါ့ ... အိမ်မှာ လစဉ်ထုတ်မဂ္ဂဇင်းတွေရှိတယ်။ မဂ္ဂဇင်းထဲမှာ ကိုယ်သဘောကျတဲ့ စာရေးဆရာတွေရဲ့ ဝတ္ထုတွေပါရင် တစ်လတစ်လ သူတို့ရဲ့ နောက်ထပ် ဝတ္ထုတွေကို စောင့်ဖတ်ရတယ်။ အဲဒီလို စောင့်ဖတ်ရတာကိုက အရသာ။ အခုတော့၊ မဂ္ဂဇင်းတွေလည်း မမှာဖြစ်တော့ဘူး။ အငှားဆိုင်ခေတ်ကလည်း ကုန်ပြီ။ မဂ္ဂဇင်းဝတ္ထုရှည် ဖတ်ရတဲ့ အရသာကို မခံစားရတာကြာပြီ။ Wun Zinn နဲ့ တွေ့မှပဲ တစ်ချိန်က မဂ္ဂဇင်းဝတ္ထုရှည် ဖတ်ရတဲ့ ဖီလင်ကို ပြန်ရသွားတာ။ Wun Zinn App ထဲမှာက မဂ္ဂဇင်းဝတ္ထုရှည် စုစည်းမှု စာအုပ်တွေ တော်တော်များများ ဖတ်လို့ရတယ်။ ဒီနေ့လည်း ဆရာမ မေဇူးရဲ့ လက်ရာတွေကို တင်ပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ - မြတ်နိုးတမ်းတ လွမ်းဆွတ်စွာဖြင့်၊ ပန်းတစ်ပွင့်ရဲ့လွမ်းချင်း၊ အချစ် ... သူမနှင့် နားလည်မှုလွဲမှားခြင်း တစ်စုံတစ်ရာ၊ လွမ်းတေးဝေသီ၊ အကြွေပန်းရဲ့ ဒဏ္ဍာရီ၊ အလွမ်းမဲ့ ကမ်းခြေ၊ အဆိပ်ဆူး ... ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေကို ဖတ်ရှု ခံစားနိုင်မှာပဲ ဖြစ်ပါတယ်