သဲနုငယ်၏ အချစ်ရုပ်ကြွင်း

နေနွယ်ဇင်မြင့်

800 Kyats ကျပ်
>> လင်းလက်ထွန်း က အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက် ! သူ့ရဲ့ “သဲနုငယ်၏ အချစ်ရုပ်ကြွင်း” သီချင်းက သိပ်အောင်မြင်တာ။ တကယ်တော့ အဲဒီသီချင်းထဲက သဲနုငယ်ဆိုတဲ့ ကောင်မလေးက လင်းလက်ထွန်း သိပ်ချစ်ခဲ့ရတဲ့ ကောင်မလေးပါ။ ဒါပေမဲ့ ဆုံးပါးသွားခဲ့ပြီတဲ့။ နှစ်ပေါင်းများစွာကြာတာတောင် သူ့ရဲ့ရင်ထဲက ဒဏ်ရာတွေက အနာမကျက်နိုင်သေးဘူး။ >> ထူးဆန်းတာက အခုရက်ပိုင်း သဲနုငယ်က သူ့ကို ဖုန်းဆက်သလို၊ သူသီချင်းဆိုတဲ့ ပွဲကိုလည်း လာတယ်ဆိုပြီး လင်းလက်ထွန်းက ပြောတယ်။ ဒီတော့ လင်းလက်ထွန်းနားက လူတွေက သူ့ဟာ အလုပ်ပင်ပန်းသလို စိတ်ဒဏ်ရာလည်းရှိလို့ စိတ်ကျန်းမာရေး သိပ်မကောင်းတော့ဘူးလို့ ထင်လာကြတယ်။ >> တကယ်ရော လင်းလက်ထွန်းက သူတို့ထင်သလို စိတ်ထိခိုက်တာများပြီး ရူးသွားတာလား? ဒါမှမဟုတ် သဲနုနဲ့တူတယ်ဆိုတဲ့ ကောင်မလေးက အပြင်မှာတကယ်ရှိနေတာလား ? နောက်ပြီး ကိုယ်လုံးဝမထင်ထားမိတဲ့ သူတို့ရဲ့အတိတ်အကြောင်း ... ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ဝတ္ထုတစ်ပုဒ် တောင့်တနေတယ်ဆိုရင် အခုပဲလင့်ခ်ကိုနှိပ်ပြီး ဖတ်လိုက်တော့နော်။