နေလောင်ခံပန်းတစ်ပွင့်၏သမိုင်း

နေနော်

600 Kyats ကျပ်
အပေါင်းအသင်းတွေ ဘေးလူတွေက ... ရုပ်ဆိုးလိုက်တာ နင်နဲ့လိုက်ဘူးလို့ ဘယ်လောက်ပြောပြော လူဆိုတဲ့အမျိုးက ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုကြည့်ကြည့် ချောမောလှပတယ်လို့ မြင်နေတတ်တာပဲ မှတ်လား။ မောင်မောင်သော်လည်း သူသဘောကျတဲ့ ကောင်မလေးဖြူကို ဒီလိုပဲမြင်တယ်။ မိန်းမလုံးဝမဆန်၊ အဝတ်အစားကအစ ယောက်ျားဆန်ဆန်ဝတ်တဲ့ ဖြူကို သူမြင်မြင်ချင်းစွဲလမ်းသွားတယ်။ ဒါပေမဲ့၊ သူဖြူ့ကို တကယ်ချစ်လား မချစ်လားတော့ ဝေခွဲလို့မရ။ မတွေ့ရရင်မနေနိုင်ဘူး ဆိုတာတော့ သူသိတယ်။ ချမ်းသာတဲ့ မောင်မောင်သော်နဲ့ ဆင်းရဲတဲ့ဖြူ။ သိမ်သိမ်မွေ့မွေ့လေးအစပျိုးခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့ခရီးမှာ ဘယ်လိုကြမ်းတမ်းမှုတွေ ရှိလာမလဲ ဆိုတာကတော့ ...