အိပ်မက်ညပေါင်းတစ်ဆယ်နှင့် ကြောင်မြေပုံ

နောင်နောင်စိုးသိမ်း

500 Kyats ကျပ်
ဒီစာအုပ်က ကမ္ဘာတဝှမ်းမှာ လူကြိုက်များသလို ကျနော်ဖတ်ကြည့်တော့လည်း အတော်သဘောကျဖို့ကောင်းပါတယ်။ ဂျပန်ဝတ္ထုတိုတွေပါ။ "အိပ်မက်ညပေါင်းတစ်ဆယ်" ဆိုတဲ့ နာစူမဲ့ ဆောဆဲကီရဲ့ ဂျပန်ဝတ္ထုတိုတွေပေါ့။ ဒီစာအုပ်အတွက်တော့ Matt Treyvaud ဘာသာပြန်တဲ့ Ten Nights Dreaming & Tha Cat’s Grave ဆီကနေ အဓိကယူပြီး တခြားအင်္ဂလိပ်ဘာသာပြန် မူကနေလည်း အနည်းငယ် ကိုးကားထားတယ်လို့ ပြောပါတယ်။ စာအုပ်ထဲက ဝတ္ထုတိုတွေက မထင်ထားလောက်အောင်ကို အလွန်တိုပါတယ်။ ဒါပေမဲ့၊ ဝတ္ထုဇာတ်လမ်း တိုသလောက် အဓိပ္ပါယ်က တွေးရင်တွေးသလောက် နက်ရှိုင်းကျယ်ပြန့်တယ်၊ သုံးသပ်ချက် အမျိုးမျိုး၊ ဖွင့်ဆိုချက်အမျိုးမျိုးကိုလည်း ကိုယ့်ရဲ့အတွေးမှာ ဖြစ်ပေါ်လာစေတယ်။ ဖတ်ကြည့်ပါ။ ပြီးရင် ကိုယ့်အမြင်တွေကိုလည်း Comment ထဲမှာ ပြောပြပေးခဲ့ပါဦး