အင်တာနက်ရဲ့ ရာဇဝင်

နောင်နောင်စိုးသိမ်း

500 Kyats ကျပ်
အင်တာနက်ဆိုတာကို ကျွန်တော်တို့အားလုံး နေ့စဉ်အသုံးပြုနေကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေ၊ လုပ်ငန်းအတွက်၊ စီးပွားရေးကြော်ငြာဖို့၊ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ဖို့အတွက်၊ ဖျော်ဖြေရေး၊ စသဖြင့် နေ့တိုင်းသုံးဖြစ်နေကြပါတယ်။ ဒါပေမဲ့၊ အင်တာနက်ဆိုတာကြီးက ဘယ်ကဘယ်လို ပေါ်ပေါက်လာတာလဲဆိုတဲ့ အကြောင်းကိုတော့ လူသိနည်းပါလိမ့်မယ်။ ဒီစာအုပ်ကတော့ အင်တာနက်အကြောင်း ပြောပြထားတာပါ။ စစ်အေးခေတ် အမေရိကန်နဲ့ ဆိုဗီယက်တို့ ပြိုင်ဆိုင်ကြရာကနေ ကွန်ရက်တွေ စတင်ခဲ့ပုံ၊ ကွန်ရက်အချင်းချင်း ချိတ်ဆက်ရာကနေ ကမ္ဘာသုံးကွန်ရက် အင်တာနက်ဖြစ်ပေါ်လာပုံ၊ ကိုယ်ပိုင်ကွန်ပျူတာတွေရဲ့အစ၊ ဘီလ်ဂိတ်နဲ့ စတိ့ဗ်ဂျော့တို့ရဲ့ ကြိုးစားမှု ... စတာတွေကို ဖတ်ရမှာပါ။ ဗဟုသုတလိုချင်သူတွေ လက်လွတ်မခံ ဖတ်ကြည့်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ဗျ။