ခရီးသွားကမ္ဘာမြေနှင့် အခြားသိပ္ပံဝတ္ထုတိုများ

နောင်နောင်စိုးသိမ်း

600 Kyats ကျပ်
Science Fiction သိပ္ပံဝတ္ထုတိုင်းက ဘာများရေးထားမလဲဆိုပြီး အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းနေတတ်တယ်။ တစ်ချိန်တုန်းက သိပ္ပံဝတ္ထုတွေမှာ စိတ်ကူးယဉ် ရေးသားထားတဲ့ ဇာတ်လမ်းတွေထဲက တချို့နည်းပညာတွေဟာ မျက်မှောက်ခေတ်မှာ လက်တွေ့အကောင်အထည် ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ တချို့ဆို ပြောကြတယ်။ သိပ္ပံဝတ္ထုတွေဟာ အနာဂတ်ဟောဆရာတွေတဲ့ ! ဒီစာအုပ်ကတော့ သိပ္ပံဝတ္ထုအမျိုးအစားထဲကမှ အာကာသခရီးသွား၊ အချစ်၊ သေခြင်းတရား၊ သည်းထိတ်ရင်ဖို၊ ဟာသ၊ ဒဿန စတဲ့ ရသအမျိုးမျိုးရစေမယ့် ဝတ္ထုတိုတွေကို စုစည်းပေးထားတာ။ ခေတ်အနေနဲ့ အစောဆုံး (၁၉၇၃) ကာလကနေစပြီး နောက်ဆုံး (၂၀၁၅) ခုနှစ်ထုတ် ဝတ္ထုတွေအထိပါဝင်တယ်။ အာရှစာရေးဆရာ Liu Cixin ရဲ့လုံးချင်းဝတ္ထုလတ်တစ်ပုဒ်ကိုလည်း ထည့်သွင်း ဘာသာပြန်ပေးထားပါသေးတယ်။ အချိန်ရရင် အပျင်းပြေဖြစ်ဖြစ် ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပဲလို့ ညွှန်းပါရစေ။